October 19, 2024

၁၃. ၁. ၂၀၂၄
Written By Thandar

စာရေးဆရာမ ဒေါက်တာစိမ့်စမ်းဖြူကို 7887 Health Care Call Center ရဲ့ Brand Ambassador ခန့်အပ်ခြင်းနဲ့ နှစ်သစ်ကျန်းမာရေးဟောပြောပွဲကို ယနေ့ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Summit Parkview Hotel မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာတော့ 7887 Health Care Call Center အကြောင်းမိတ်ဆက်ပြောကြားခဲ့ပြီး 7887 Health Care Call Center က ဒေါက်တာစာရေးဆရာမ စိမ့်စမ်းဖြူကို Brand Ambassador ခန့်အပ်ကာ သဘောတူညီလက်မှတ်ရေးထိုးခြင်းအပြင် 7887 ကျန်းမာရေးစောင့်ရှောက်မှုအကြောင်းတွေကို နှစ်သစ်ကျန်းမာရေးဟောပြောမှုအနေနဲ့ မိတ်ဆက်ပြောခဲ့ကြပါတယ်။

“7887 Health Care Call Centerရဲ့ ဒေါက်တာစိမ့် ကျွန်မကို Brand Ambassador ခန့်အပ်တာပါ။ ဒီစင်တာက ပြည်သူတွေ ဘယ်သူမဆို ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆရာဝန်တွေကို တိုက်ရိုက်ဖုန်းဆက်ပြီးတော့ ကိုယ်သိချင်တဲ့ကျန်းမာရေးကို အခမဲ့ မေးမြန်းဆွေးနွေးလို့ရတယ်။ စိမ့်မှာက Follower တွေလည်းရှိတယ်။ စာဖတ်ပရိသတ်တွေလည်း ရှိတာမို့ ဒီပရိသတ်တွေကတစ်ဆင့်လူတွေကို များများသိစေချင်တာမို့ကျင်းပတဲ့ အခမ်း အနားလည်း ဖြစ်ပါတယ်။ စိမ့်တို့ မြန်မာလူ့အဖွဲ့အစည်းဆိုရင် တော်ရုံဆေးမြီးတိုတွေ ကိုယ်ထင်တာကို ကုသလေ့ရှိကြတယ်။ နောက်တစ်ခုက ကျန်မာရေးနဲ့ပတ်သက်ပြီးတော့ ဆေးရုံဆေးခန်းသွားဖို့ ဝန်လေးကြတယ်။အထူးသ ဖြင့် နယ်ကလူတွေတော်တော်များများ အခက်အခဲရှိကြတယ်။ အခြေခံလူတန်းစားတွေဆိုရင် ဆေးရုံဆေးခန်းကို မရောက်ကြဘူး။ အဓိက ငွေရေးကြေးရေးကြောင့် ဆရာဝန်တွေ တွေ့ဖို့ခက်ခဲကြတယ်။ ခုခေတ်မှာ လူတိုင်းမှာ ဖုန်းရှိတာမို့ 7887 နံပါတ်ဆက်ပြီး တကယ့်ကိုကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြည်သူသိချင်တဲ့ကျန်းမာရေးမေးခွန်းတွေဖြေဆိုပေးမှာဖြစ်ပါတယ်”လို့ 7887 Health Care Call Center ရဲ့ Brand Ambassador ဒေါက်တာ စာရေးဆရာမ စိမ့်စမ်းဖြူက MT news ကို ပြောပါတယ်။

7887 Health Care Call Center က အထွေထွေရောဂါဝေဒနာတွေကို အထူးကုဆရာ၀န်ကြီးများက ဆေးရုံ ‌၊ ဆေးခန်းလမ်းညွှန် ၊ မျိုးဆက်ပွားကျန်းမာရေး ၊ အလှအပရေးရာ နေထိုင်မှုပုံစံတွေနဲ့ ၊ ရင်တွင်းခံစားချက်တွေကိုလည်း Hotline 7887 ကနေ MPT ၊ Atom တို့နဲ့ အခမဲ့ ၂၄ နာရီ ဖုန်းခေါ်ဆိုပြီး ဆရာ၀န်တွေနဲ့ တိုက်ရိုက်ဆွေးနွေးနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *