October 19, 2024

၁၁.၁.၂၀၂၄

Written By Thandar

Mahar Application က ပြသနေတဲ့ အချစ်ဟာသဇာတ်လမ်းပုံစံ “လာဘ်ကောင်း”ဇာတ်လမ်းတွဲ Press Conference Show & Fan Meeting ကို ယနေ့ ဇန်နဝါရီ ၁၁ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ Time City Promotion Area မှာ ကျင်းပခဲ့ပါတယ်။

“လာဘ်ကောင်းဇာတ်လမ်းတွဲက ဟာသဇာတ်လမ်းတွဲ ပုံစံမျိုးပါ။ ဇာတ်လမ်းတွဲကောင်းတွေကို ရသစုံလင်စွာနဲ့ ချစ်တဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးနေတဲ့ Mahar ကနေ အပိုင်း ၁ ကို အခမဲ့ကြည်ရှုလိုရအောင်တင်ပေးထားပါပြီ။ ကျွန်တော်ရယ် ဦးခင်လှိုင်နဲ့ ကိုမြင့်မြတ်ရယ် ပါဝင်တဲ့သရုပ်ဆောင်အားလုံး ရယ်မောစရာခံစားချက်ရသကို ရရှိမှာပါ။ ဒီဇာတ်ကားမှာ သင်ဇာနဲ့ အစုံခန်းတွေက ပိုများပါတယ်။ Mahar Applicationက လက်ရှိပြသနေတဲ့ ဒီဇာတ်လမ်းတွဲကို ကြည့်ရှုပြီး လိုအပ်ချက်တွေ ဝေဖန်ထောက်ပြပေးပါဦး ”လို့ သရုပ်ဆောင် လွှမ်းပိုင်ကပြောပါတယ်။

လူတိုင်းအပေါ် စိတ်ရင်းစေနာနဲ့ ကူညီပေးလေ့ရှိတဲ့ လပ်ကီး(ခ)မြင့်မြတ်ရဲ့ မွေးရာပါကံကောင်းမှုတွေနဲ့ အတူကံကောင်းခြင်းအပေါ် အသုံးချခံရမှုတွေကို ကြုံတွေ့ရမယ့် ဇာတ်လမ်းပုံစံကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ကရိုက်ကူးထားတာဖြစ်ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ်၊ လွှမ်းပိုင်၊ ခင်လှိုင်၊ နန်းခင်ဇေယျာ၊ ထွန်းပုလဲရတနာ ၊ သင်ဇာနဲ့တခြား သရုပ်ဆောင် များစွာက ပါဝင်ထားကြပါတယ်။

“လာဘ်ကောင်း” ဇာတ်လမ်းတွဲက အပိုင်း ၂၀ ပါဝင်ပြီး လက်ရှိ အပိုင်း ၆ ပိုင်း အထိကိုလည်း Mahar App HD Quality နဲ့ ထုတ်လွှင့်နေတာဖြစ်သလို Fortune TV ကလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *