၁၁. ၁. ၂၀၂၄
Written by Nay Aung
ယမန်နေ့(ဇန်နဝါရီ ၁၀ ရက်)က ထုတ်ပြန်ခဲ့သော Henley & Partners ၏ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာတဝှမ်းရှိ နိုင်ငံဒေသများနှင့်ပတ်သက်သော Most Powerful Passports အဆင့်သတ်မှတ်ချက်များစာရင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်(Passport) သည် ဩဇာအဆင့်အတန်းနိမ့်ကျနေကာ ကွန်ဂိုနိုင်ငံနှင့်အတူ ကမ္ဘာ့အဆင့် ၈၄ နေရာ ရပ်တည်နေပြီး အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် အောက်ဆုံးအဆင့်၌ ရပ်တည်နေကြောင်း သိရသည်။
Henley & Partners အဖွဲ့သည် နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ Air Transport Association (IATA)၏ အချက်အလက်များကိုအခြေခံပြီး ကမ္ဘာ့နိုင်ငံများ၏ Most Powerful Passports အဆင့်သတ်မှတ်ချက်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
၂၀၂၄ခု နှစ်အတွက် ကမ္ဘာတဝှမ်းရှိ နိုင်ငံဒေသများနှင့်ပတ်သက်သော Most Powerful Passports များထဲတွင် အမေရိကန်က ထိပ်ဆုံးတွင်ရပ်တည်နေကာ ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်တို့က ဒုတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာနိုင်ငံ၏ Passports ကို ဗီဇာကင်းလွတ်ခွင့်ပြုထားသော နိုင်ငံ၊ ဒေသ ၁၄ ခုရှိနေပြီး ဆိုက်ရောက်ဗီဇာခွင့်ပြုပေးထားသည့် နိုင်ငံ၊ ဒေသ ၄၀ ရှိနေကာ ဗီဇာလျှောက်ရန်လိုအပ်သည့် နိုင်ငံပေါင်း ၁၄၁ နိုင်ငံရှိနေကြောင်း သိရသည်။
အာဆီယံဒေသတွင်းနိုင်ငံများ၏ Most Powerful Passports များထဲတွင် စင်ကာပူ၊ မလေးရှား၊ ဘရူးနိုင်းတို့က ထိပ်ဆုံးတွင်ရှိနေကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာတဝှမ်းရှိ နိုင်ငံဒေသပေါင်း ၁၈၀ ကို ဗီဇာကင်းလွတ်ခွင့်၊ ဆိုက်ရောက်ဗီဇာတို့ဖြင့် သွားလာခွင့်ရရှိထားပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံအတွက်သာ ဗီဇာလျှောက် ထားရန်လိုအပ်ကြောင်း သိရသည်။
Ref :; passportindex