October 19, 2024

၁၁.၁.၂၀၂၄

Written By Thandar

ခရေဖြူထုတ်လုပ်ရေးက Heavy Drama ဇာတ်လမ်းပုံစံ “ရေသေအိုင်” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို ယနေ့ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ Time City ရှိ Mega Ace Cineplex မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်ကတော့ ဒီဇာတ်လမ်းတွဲမှာ ဖိုးသက်နေရာက အဓိက သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကောင်စရိုက်တွေကတော့ သူငယ်ချင်း ၄ ယောက်ပါတယ်။ တစ်ယောက်တစ်မျိုးစီ ဘဝကို ရိုးရိုးသားသားဖြတ်သန်းကြတယ်။ ဒါပေမယ့် လောကဓံတွေ ဝင်လာချိန်မှာ ကိုယ့်ရဲ့ အိပ်မက်တွေ ပျက်စီးသွားကြတယ်။ စိတ်ခံစားချက်တွေ ပြောင်းလဲပြီး ဘဝတွေက မျိုးစုံပြောင်းလဲသွားကြတယ်။ စာဖတ်ပရိသတ်နဲ့ အမြင်ချင်တူချင်မှ တူတယ်။ ဒါကတော့ ဒါရိုက်တာ နေပိုင်ဖန်တီးထားတဲ့ ဖိုးသက်ပေါ့ ” လို့ အဆိုတော် သရုပ်ဆောင်နေဝင်းက ပြောပါတယ်။

This image has an empty alt attribute; its file name is IMG_8848-682x1024.jpeg

အဆိုပါ ဇာတ်ကားကို ဝတ္ထု လင်းခါး၊ ဇာတ်ညွှန်း အင်ကြင်းဟန်တို့ကရေးသားပြီး ဒါရိုက်တာ နေပိုင်က သရုပ်ဆောင် ထွန်းထွန်း၊ ရဲရင့်အောင်၊ နေဝင်း၊ ညိမ်းသော် ၊ နေမျိုးအောင် ၊ သားညီ ၊ ရွှေသမီး ၊ မြတ်ကေသီအောင် ၊ ခင်ဇာခြည်ကျော် ၊ ဆုပန်ထွာ ၊ ထူးမွန် ၊ နန်းခိုင်ရွှေဝါဝင်း ၊ ဇော်ဝင်းနိုင် တို့နဲ့ ရိုက်ကူးထားပါတယ်။

လာမယ့် ဇန်နဝါရီ ၁၃ ရက်နေ့က စတင်ပြီး ရေသေအိုင် ဇာတ်လမ်းတွဲကို အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တိုင်း HEY Play Application ၊ HEY Play YouTube channel ၊ Channel 7 ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသပေးသမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *