October 19, 2024

၁၂. ၁. ၂၀၂၄
Written By Thandar

ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ “The Boat” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၂ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ မဟာဝိဇယစေတီတော်မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်အနေနဲ့ ရှေ့က တခြားရိုက်ကူးရေးတွေ လုပ်ဖြစ်ခဲ့ပေမယ့် ဒီကားကတော့ ရုပ်ရှင်ကားကြီး ပထမဦး ဆုံးရိုက်ကူးဖြစ်တာပါ။ အချစ်ဒရာမာဇာတ်လမ်းပုံစံလေးဖို့ ဇာတ်လမ်းလေးက ချစ်စရာကောင်းပါတယ်။ အင်းလေးရဲ့ သဘာဝရှုခင်းတွေကို ဖော်ညွှန်းပြီး ရိုက်ကူးမှာပါ။ ပရိသတ်ချစ်ခင်ကြသူတို့ နှစ်ယောက်တွဲရိုက်ကြမှာမို့ ‌ဇာတ်ကားမရိုက်ခင်ထဲက စိတ်ဝင်စားခံရလို့လည်း ဖန်တီးရတာ ပီတိဖြစ်ရပါတယ် “လို့ ဒါရိုက်တာ John Peter JP က ပြောပါတယ်။

JP & SUN Production စီစဉ်ရိုက်ကူးမယ့် ဇာတ်လမ်း အေးချမ်းမောင် ၊ ဇာတ်ညွှန်း မိုးဟိန်းဂျွန်း တို့က ရေးသားပြီး ဒါရိုက်တာဒါရိုက်တာ John Peter JP က သရုပ်ဆောင် အေးချမ်းမောင် ၊ မေမြင့်မိုရ် ၊ နေ့သစ်အေးအောင် ၊ ရောဘတ်ထွန်း ၊ မေဟန်နီ စတဲ့ သူတွေနဲ့ ရိုက်ကူးမှာဖြစ်ပါတယ်။

“The Boat” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီ ၁၆ ရက်နေ့က စတင်ရိုက်ပြီး အင်းလေးဒေသဘက်မှာ ရိုက်ကူးပုံဖော်ကာ လာမယ့်နှစ်ဆောင်းရာသီမှာ ပြသဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *