October 19, 2024

၁၁. ၁. ၂၀၂၄
Written by Nay Moe

PDF ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုအတွက် တာဝန်ရှိသည်ဆိုကာ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ အိုးကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း(၅၈)နှစ်အား PDF သုံးဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သတ်ဖြတ်သည့် PDF များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၈ ရက် ည ၈ နာရီ ၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ အိုးကုန်း ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း(၅၈)နှစ်အား PDF များက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ဦးဇော်ဝင်းအား နေအိမ်ရှေ့၌ ဦးခေါင်းယာဘက်ချိုစောင်းမှ ကျည်ဖောက်ဝင်ပြီး နောက်စေ့ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်၊ ကျောမှကျည်ဖောက်ဝင်ပြီး ဝမ်းဗိုက်ကျည် ဖောက်ထွက်ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် ည ၇ နာရီခွဲခန့်တွင် နေအိမ်၌ရှိနေစဉ် PDF လေးဦး (စိစစ်ဆဲ)က နေအိမ်ခြံဝင်းအတွင်းဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့်‌ သေဆုံးသူအား မြို့သစ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတ်ဖြတ်မှုကို Magway Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ) ၊ တောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ နှင့် Yenanthar Youth Force တို ပူးပေါင်းကာ သတ်ဖြတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ရမှုမှာ ဗိဿနိုးပြည်သူ့ ကာကွယ်ရေးတပ်မတော်၏ တပ်ဖွဲ့ဝင် ၆ ဦးကို စီးနင်းသတ်ဖြတ်ရန် တပ်ထံ သတင်းပေး တိုင်ကြားခဲ့မှုအတွက် လက်တုံ့ပြန်ခြင်းဟုလည်း Magway Guerilla Warfare ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက် နံနက်ပိုင်းတွင် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်များ ရောက်ရှိတည်းခိုနေသော မြို့သစ်မြို့နယ်၊ ကနီကျေးရွာအတွင်းရှိ နေအိမ်ကို အင်အား ၃၀ ခန့်ပါသော လုံခြုံရေးတပ်ဖွဲက စီးနင်းတိုက်ခိုက်စဉ် PDF ၆ ဦး သေဆုံးခဲ့သလို ကနီကျေးရွာ အုပ်ချုပ်ရေးမှူးလည်း သေဆုံးခဲ့သည်။ ထိုစီးနင်းတိုက်ခိုက်မှုတွင် အိုးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းသည် အဓိက တာဝန်ရှိသူ သတင်းပေးဟု PDF များက စွပ်စွဲခံရပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် PDF သုံးဖွဲ့ပေါင်းကာ လာရောက်သတ်ဖြတ်ကြခြင်းလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *