October 19, 2024

၁၀. ၁. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်ချုပ်ရေးမှူးကို နွားထိုးကြီး PDF က ဖမ်းဆီး ကြိုးတုပ်ကာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဇန်နဝါရီ ၉ ရက်​ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်အချိန်က နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ဝင်းဟာ ကျေးရွာစာသင်ကျောင်း တောင်ဘက်ကို ရောက်ရှိချိန် နွားထိုးကြီး PDF အဖွဲ့ဝင် (၁၀) ဦးက ဆိုင်ကယ် ၅ စီးနဲ့ ရောက်ရှိလာပြီး ဦးဇင်ဝင်းကို ကြိုးတုပ်၊ သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခဲ့တာကြောင့် ဦးဇင်ဝင်းဟာ ယားနာထင်ကနေ ဝဲနားထင်ကို ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ရရှိပြီး အခင်းဖြစ်ပွားတဲ့နေရာမှာ မှောက်လျက်အနေအထားနဲ့ သေဆုံးသွားတာပါ။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ဇေဒိတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ဝင်း (ခ) မင်းသားကြီးကို နွားထိုးကြီးပကဖနဲ့ ပူးပေါင်းသတ်ဖြတ်ခဲ့တာဖြစ်ပြီး ဦးဇင်ဝင်းရဲ့ တပည့်တစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *