October 19, 2024

၁၀. ၁. ၂၀၂၄
Written by Nyein Kyaw

ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်သည့် (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်သူများ မျှော်မှန်းတောင့်တသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်း‌ရေးရရှိစေရန် NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လွတ်လပ်ရေးရပြီးချိန်ကစပြီး ယခုအချိန်အထိ ကချင်ပြည်နယ်အပါအဝင် အထူးသဖြင့် နယ်စပ်ဒေသ၊ တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် တည်ငြိမ်အေးချမ်းမှုမရှိခဲ့သဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများမှာ လွတ်လပ်‌ရေး၏ အရသာကို အပြည့်အဝမခံစားရသေးဘဲ လူမှုဒုက္ခများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့သော အဖြစ်ဆိုးကို မိမိတို့လက် ထက်တွင် ချုပ်ငြိမ်းစေပြီး ထာဝရငြိမ်းချမ်းရေးနှင့်အတူ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကို တည်ဆောက်ပြီး အနာဂတ်အတွက် ကောင်းမွန်သည့် အမွေကို လွှဲပြောင်းပေးနိုင်ရေး ကြိုးစား‌ဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌက တိုက် တွန်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်ကောင်စီပထမဆုံးညီလာခံ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်ဝါရီ ၁၀ ရက်နေ့ကို “ကချင်ပြည်နယ်နေ့” အဖြစ် သတ်မှတ်ပြဋ္ဌာန်း၍ နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *