October 19, 2024

၁၀. ၁. ၂၀၂၄
Written by Nay Moe

ရွှေဘိုမြို့နယ်၏ နာမည်ကြီးပြည်သူ့စစ်ခေါင်းဆောင်ဦးဌေးအောင် ကားဖြင့် ရွှေဘိုမြို့သို့ ရောက်ရှိနေချိန် PDF ၈ ဖွဲ့ပေါင်းပြီး ပစ်ခတ်တိုက်ခိုက်၍ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် PDF များ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ် (၉)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေဘို မြို့နယ်၊ မြင်းစီးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဌေးအောင်(၅၀)နှစ်သည် ၎င်း၏ တူဖြစ်သူ မောင်ဂျေလင်းစိုး(၁၉)နှစ်နှင့်အတူ Mark II ယာဉ်ဖြင့် မြင်းစီးကျေးရွာမှ ရွှေဘိုမြို့ဘက်သို့ ထွက်ခွာလာစဉ် အမှတ်(၉) ရပ်ကွက်အရောက် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က လားရာတူနောက်မှ မော်တော်ယာဉ်တစ်စီးဖြင့် မောင်းနှင်လိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဌေးအောင်တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေဘိုမြို့နယ် မြင်းစီးကျေးရွာသည် ရွှေဘိုမြို့အနောက်ခြမ်း အညာဒေသတကြောတွင် တပ်စခန်းများချ၍ ဒေသခံများကို ပြည်သူ့စစ်ဖွဲ့ပေးကာ လာရောက်တိုက်ခိုက်သည့် PDF များကို ခုခံတိုက်ခိုက်၍ ရွှေဘိုဒေသခံ PDF များက မြင်းစီးရွာကို ပျုစောထီးရွာဟု ခေါ်ကာ မြင်းစီးရွာအုပ်ချုပ်ရေးမှူးဦးဌေးအောင်မှာလည်း ပျုစောထီးခေါင်းဆောင်ဟု သတ်မှတ်ခံရပြီး PDF များက လိုက်လံသတ်ဖြတ်ခံနေရသူဖြစ်သည်။

PDF များကမူ ဦးဌေးအောင်ကားတွင် စုစုပေါင်း လူလေးဦး သေနတ်သုံးလက်ပါပြီး ကားဝပ်ရှော့တွင် ကားပြင်နေစဉ် PDF ၈ ဖွဲ့ပေါင်းကာ လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးဌေးအောင်အပါအဝင် ပြည်သူ့စစ်နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း၊ ကျန်တစ်ဦးက PDF ၈ ဖွဲ့ကို ခံပစ်နေသဖြင့် PDF များ ကျည်ထိမှန်သေဆုံးမည်ကြောက်ကာ ဆုတ်ပြေးခဲ့၍ အလောင်း၊ လက်နက်၊ ပစ္စည်းများသိမ်းဆည်းလုယက်နိုင်မှုမရှိကြောင်း NUG ထောက်ခံသည့်မီဒီယာများကို ဖြေဆိုထား သည်။

ဦးဌေးအောင်ကို ချောင်းမြောင်းပစ်ခတ်မှုကို PDF ၈ ဖွဲ့ဖြစ်သည့် War Lord Defense Force PDF(B-4 /C-2) နှင့် Guardian Force PDF (B-4/C-1)၊ Snake Eyes – PDF(B4/C-3)၊ Zoe Defense Force PDF (SHWEBO)၊ဘီလူးညီနောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ရွှေဘိုအားမာန် မြို့ပြပျောက်ကျား UG အဖွဲ့၊ သိင်္ခအားမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ လုပ် ဆောင်ခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *