October 19, 2024

MT News
Written by Min Mahar

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂ မြို့နယ်၏ ကျေးရွာအချို့တွင် ခိုအောင်းနေသော PDF များကို လုံခြုံ ရေးတပ်ဖွဲ့ဝင်များက နှိမ်နင်းရှင်းလင်းနိုင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သော ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက် မနက် ၁၁ နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောကျေးရွာအနီးတွင် PDF များသွားလာလှုပ်ရှားနေကြောင်း တာဝန်သိ ပြည်သူများ၏ လျှိုဝှက် သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက် ၎င်းထိတွေ့မှုတွင်  PDF ၄ လောင်း၊ Mark II ယာဉ်အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ လက်လုပ်သေနတ် ၂ လက်၊ FGC-9 MK 2 သေနတ် ၃ လက်၊ ၉ မမ ကျည် ၁၂ တောင့်၊ ကျည်အိမ် ၃ ခု၊ ဝရိန်ပုံး ၁ ခု၊ ပြောက်ကျားအင်္ကျီ ၁ စုံ၊ ယာဉ်နံပါတ်ပြား ၃ ခုတို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်း သိရသည်။

ထို့အတူ ယနေ့(ဇန်နဝါရီ ၉ ရက်)မနက် ၈ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာအတွင်း PDF များ ခိုအောင်းနေကြောင်း ဒေသခံများထံမှ သတင်းရရှိ၍ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ ၎င်းနေရာသို့ လုံခြုံရေးအဖွဲ့များရောက်ရှိသွားချိန်တွင် PDF အဖွဲ့များ ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြ၍ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ အိုင်ကွန် ၁ လုံး၊ ၅.၅၆ မမကျည် ၃၀ တောင့်၊ လက်လုပ်ကျည်အိမ် ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *