October 19, 2024

MT News

Written By Thandar

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒုတိယအကြိမ်ကျင်းပမယ့် I Am Model Sreach International 2023 (Teen) ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ရှင်မေခက ဝင်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကနေ ဇန်နဝါရီ ၉ ရက်က စတင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။

“ညီမ ဒီနေ့ နေ့လည်ပိုင်း‌လောက်က မလေးရှားနိုင်ငံကို ရောက်တယ်ရှင့်။ ပထမဆုံး International ပွဲပြိုင်ရတာဆိုတော့ မနက်ဖြန်စပြီး Camp ဝင်ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေပါတယ်။ ဒီနေ့ကတော့ စရောက်ခြင်းနေ့ ဆိုတော့ Arrived Photo လေးတွေ ရိုက်ပြီး ညပိုင်း Night shoot လေးရိုက်ဖို့ လုပ်ဆောင်နေပါတယ်” လို့ ရှင်မေခက MT News ကို ပြောပါတယ်။

သူမက ဇန်နဝါရီ ၁၀ ရက်ကနေ ဇန်နဝါရီ ၁၅ ရက်အထိ အဆိုပါ ပြိုင်ပွဲကြီးမှာ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ် စတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံ ကျော်က အလှမယ်တွေနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

“National Costume ပိုင်းကိုလည်း Organization ဘက်က အရမ်း Heavy မလုပ်ဖို့ပြောလို့ ညီမဘက်က ပေါ့ပေါ့ပါးပါး တောသူမလေး ပုံစံနဲ့ ပြင်ဆင်ချပြသွားမှာပါ။ ညီမဘက်က ပြင်ဆင်ထားတာတွေ အကုန်လုံးချပြသွားပါမယ်။ ညီမဘက်ကတော့ အကောင်းဆုံး ဆုတွေလည်း မျှော်မှန်းထားပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

အလှမယ်ရှင်မေခက ပဲခူးမြို့မှာ ကျင်းပတဲ့ Miss Myanmar Beauty Paradise Teen Winner 2019 ဆုရရှိထားသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *