October 19, 2024

MT News

Written by Nay Aung

မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း လူသားချင်းဆိုင် ရာစာနာမှုအကူအညီ အရေးပေါ် လိုအပ်မှု အများဆုံးနိုင်ငံပေါင်း ၂၀ စာရင်းတွင်ပါဝင်လျက်ရှိနေကြောင်းအစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့စည်းတစ်ခုဖြစ်သည့် International Rescue Committee (IRC) ၏၂၀၂၄ခုနှစ်အတွင်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုနှင့်ပတ်သက်ပြီးစောင့်ကြည့်ရမည့် Watchlist Countries နိုင်ငံပေါင်း ၂၀ စာရင်းတွင် ဖော်ပြထားသည်။

IRC ၏ စာရင်းထဲတွင် မြန်မာနိုင်ငံက ဆူဒန်၊ ပါလက်စတိုင်း၊ မာလီ၊ ဘာကီနာဖာဆို၊ နိုင်ဂျာ၊ အီသီယိုပီးယား၊ ကွန်ဂိုနိုင်ငံနှင့်အတူ ၂၀၂၄ ခုနှစ်အတွင်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုနှင့်ပတ်သက်ပြီး စောင့်ကြည့်ရမည့် Watchlist countries နိုင်ငံပေါင်း၂၀ စာရင်းထဲတွင် မြန်မာနိုင်ငံက ထိပ်ဆုံးအဆင့် ၅ နေရာ ရပ်တည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုအခြေအနေများကိုတွေ့ကြုံခဲ့ဖူးသည့်နိုင်ငံဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သော အာဏာအငြင်းပွားမှုများနှင့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းအပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်း တိုက်ပွဲအရှိန်မြင့်တက်လာခြင်းများကြောင့် စီးပွားရေးကျဆင်းခြင်း၊ နိုင်ငံတဝှမ်း အများပြည်သူဝန်ဆောင်မှုစနစ်၊ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးခြင်းများတွေ့ကြုံနေရကြောင်း IRC အဖွဲ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာရသူအရေအတွက်က ၂၀၂၃ ခုနှစ်အတွင်းတွင် ၃၆ ရာခိုင်နှုန်းတိုးလာခဲ့ပြီး လူပေါင်း ၂ သန်းကျော်နေရပ်စွန့်ခွာနေရသည်။ ထို့အပြင် မြန်မာနိုင်ငံတွင်လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူအရေအတွက်က ၁၈ ဒသမ ၆ သန်းရှိနေရာ နိုင်ငံ့လူဦးရေ ၏သုံးပုံတစ်ပုံက လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေပြီး အာဏာအငြင်းပွားမှုမဖြစ်ပွားခင်အချိန်နှင့်နှိုင်းယှဉ်လျှင် ၁၉ ဆ မြင့်တက်လာခဲ့ကြောင်းသိရသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ လူပေါင်း ၁၅သန်းကျော်က စားနပ်ရိက္ခာ မလုံခြုံသော အန္တရာယ်များဖြင့် ရင်ဆိုင်နေရကြောင်း IRC အဖွဲ့က ဖော်ပြထားသည်။

Ref .;International Rescue Committee IRC

Leave a Reply

Your email address will not be published. Required fields are marked *