October 19, 2024

MT News

Written by Nay Aung

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် Khok Phra Tha အရပ်ဒေသရှိ စက္ကူစက်ရုံတွင် မတော်တဆဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

Khok Phra Tha အရပ်ဒေသရှိ စက္ကူစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးအလုပ်သမားတစ်ဦးသည် စက္ကူကြိတ်စက်ညပ်ခဲ့သည်ဆိုသောသတင်းကိုလက်ခံရရှိခဲ့ပြီးနောက် Phanat Nikhom ရဲစခန်းတာဝန်ရှိသူများသည် စက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးစဥ် အသက် ၃၀ အရွယ်ရှိ မြန်မာအမျိုးသမီးသည် စက္ကူစက်ရုံတွင်အသုံးပြုသော စက္ကူကြိတ်စက်ညပ်ကာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မြန်မာအမျိုးသမီးသည် စက်ရုံတွင်အလုပ်လုပ်နေသည့်အချိန်က တစ်နှစ်နီးပါးသာ ရှိသေးကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ သေဆုံးသူ၏ သူငယ်ချင်းများက သေဆုံးခဲ့သော မြန်မာအမျိုးသမီးသည် တစ်နေ့တာလုပ်ရမည့်အလုပ်များကို ပြီးစီးအောင်လုပ်ဆောင်ရန်အတွက်ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းအစောကြီးတည်းက စက်ရုံကိုသွားရောက်ခဲ့ကြောင်း၊ ၎င်းတို့စက်ရုံကိုရောက်ရှိချိန်တွင် မြန်မာနိုင်ငံသားအမျိုးသမီးကို စက္ကူကြိတ်စက်ညပ်ကာသေဆုံးနေသည်ကို တွေ့မြင်ရပြီး စက္ကူစက်အင်ဂျင်လည်း ပိတ်နေခဲ့ကြောင်း ပြောသည်။

အသက်သေဆုံးခဲ့သော မြန်မာအမျိုးသမီးသည် စက်ရုံကိုအစောကြီးလာရောက်ကာ အလုပ်လုပ်သူဖြစ်သော်လည်း ဇန်နဝါရီ ၈ ရက်နေ့တွင် စက္ကူစက်အင်ဂျင် ပိတ်နေခဲ့ကြောင်း၊ မျှော်လင့်မထားသည့်အမှားအယွင်းဖြစ်ကာ အသက်သေဆုံးခဲ့ခြင်းဖြစ်ဖွယ်ရှိနေကြောင်း စက်ရုံပိုင်ရှင်၏ညီဖြစ်သူ Mr. Weeraphong Nokcharoen က ပြောသည်။

Ref thairath

Leave a Reply

Your email address will not be published. Required fields are marked *