October 19, 2024

MT News
Written by Nay Moe

PDF ၁၀ ဖွဲ့ပေါင်းပြီး မုံရွာမြို့နယ်ရှိ ညောင်ဖြူပင်ရဲစခန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၈ ရက်မှာ ချောင်းမြောင်း တိုက်ခိုက်ချိန် CDM စစ်သားဟောင်းနဲ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က PDF တွေရဲ့ စစ်သင်တန်းမှူး ရဲမင်းဦး (ခ) Ye Baw Jade(ရဲဘော် Jade) ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄) က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်စဥ်မှာ ညောင်ဖြူပင်ရဲစခန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အလစ်ဝင် တိုက်ခိုက်တဲ့ PDF တပ်ဖွဲ့ ၁၀ ခုဟာ လုံခြုံရေးတပ်ဖွဲ့ဘက်က ပြန်ပစ်ချိန် ထွက်ပြေးရင်း PDF သုံးယောက်ပိတ်မိကျန်နေခဲ့တာပါ။ ရုပ်သံမြင်ကွင်းမှာလည်း ပိတ်မိနေတဲ့ PDF သုံးယောက်က တစ်ယောက်တစ်လှည့်စီပစ်နေရင်း မန္တလေး၊ လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ CDM လုပ်လာတဲ့ စစ်သားဟောင်း PDF ရဲဘော် Jade အလှည့်မှာတော့ ကျည်ကာဝတ်ထားလျက်သားနဲ့ လည်ပင်းနဲ့ညှပ်ရိုးကြား ကျည်ထိမှန်ပြီး ပုံလျက်သားလဲကျသေဆုံးသွားတာ မြင်ရပါတယ်။

ဒီတိုက်ပွဲကို မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄)၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Monywa Commando Force ၊ မုံရွာခရိုင်တပ်ရင်း (၅)၊ မုံရွာခရိုင်တပ်ရင်း (၉)၊ မုံရွာခရိုင်တပ်ရင်း (၁၃)၊ မုံရွာခရိုင်တပ်ရင်း (၂၅)၊ Special Guerilla Force – Monywa S.G.F ၊ စေတန်၊ ညောင်ဖြူပင် ပကဖတို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ပွဲမှာ လုံခြုံရေးတပ်ဘက်က သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရတယ်ဆိုပေမဲ့ အမှန်တကယ်ဟုတ်မဟုတ်တော့ ရုပ်ပုံနဲ့တကွထုတ်ပြန်နိုင်တာ မရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *