October 19, 2024

၆. ၁. ၂၀၂၄

Written by Pan Ei

အမေရိကန်ပြည်ထောင်စု အလက်စကာ လေကြောင်းလိုင်းက ခရီးသယ်တင်လေယာဉ်တစ်စီး ပျံသန်းနေချိန် လေယာဉ်ရဲ့ ပြတင်းပေါက်တစ်ခု ပြုတ်ထွက်ခဲ့ပြီးနောက် အော်ရီဂွန်ပြည်နယ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။

အမှုထမ်းနဲ့ ခရီးသည်နဲ့ ၁၇၇ ဦးတို့လိုက်ပါလာတဲ့ ခရီးသည်တင်လေယာဉ်ဟာ ပေါ့တ်လန်းမြို့ကနေ ကယ်လီဖိုးနီးယားပြည်နယ်ရှိ အွန်တာရီယိုမြို့က်ို ဒေသစံတော်ချိန် ဇန်နဝါရီလ ၅ ရက် ညနေ ၄ နာရီ ၅၀ ကျော်က ထွက်ခွာခဲ့ပြီး ပျံသန်းနေချိန် ပြတင်းပေါက်တစ်ခုအပါအဝင် အပြင်ဘက်အပိုင်းတစ်ခု ပြုတ်ကျပြီးနောက် ပျံသန်းချိန် ၃၅ မိနစ်အကြာမှာ ပေါ့တ်လန်းကို အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။

အဆိုပါလေယာဉ်ဟာ ဘိုးအင်း 737 Max 9 အမျိုးအစားဖြစ်ပြီး စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် တခြားသော 737 Max 9 လေယာဉ် ၆၅ စီးကိုလည်း ယာယီရပ်နားထားမှာဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့ပါတယ်။

“ဒီလိုဖြစ်ရပ်မျိုးက ရှားရှားပါးပါးဆိုပေမဲ့ ကျွန်တော်တို့ရဲ့ လေယာဉ်အမှုထမ်းတွေကို လေ့ကျင့်ပေးပြီး အခြေအနေတွေကို ဘေးကင်းစွာ စီမံခန့်ခွဲဖို့ ပြင်ဆင်ထားပါတယ်” လို့ လေကြောင်းလိုင်းက ပြောကြားခဲ့သလို လေယာဉ်က အရေးပေါ်ဆင်းသက်မှု မပြုလုပ်ရသေးချိန် အမြင့်ပေ ၁၆၀၀၀ (၄,၈၇၆ မီတာ) ကျော်မှာ ပျံသန်းနေခဲ့ကြောင်း ပျံသန်းမှုခြေရာခံအချက်အလက်တွေအရ သိရပါတယ်။

Ref;New York Post

Leave a Reply

Your email address will not be published. Required fields are marked *