October 19, 2024

၇. ၁. ၂၀၂၄

Written by Thettant

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် အမျိုးသမီးတစ်ဦးတည်း မောင်းနှင်လာသောယာဥ်က တစ်ဖက်ယာဥ်ကြောသို့ လမ်းဖြတ်ကူးသည့်ဆိုင်ကယ်ကို တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ သေဆုံးရမှုဖြစ်ပွားခဲ့သည့်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်

အဆိုပါဖြစ်စဥ်မှာ ဇန်နဝါရီ ၆ ရက် ညနေ ၅ နာရီ မိနစ် ၅၀ ခန့်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၃၀၂/၀-၁)ဖာလုံကြားတွင် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ အမျိုးသမီးတစ်ဦးတည်း မောင်းနှင်လာသော Alphard အမျိုးအစား(အဖြူရောင်) ယာဉ်မှာ အခင်းဖြစ်နေရာအရောက်တွင် အမျိုးသားတစ်ဦးတည်း မောင်းနှင်လာ‌သော Luojla အမျိုးစား(အနက်ရောင်)မော်တော်ဆိုင်ကယ်မှ တစ်ဖက်ယာဉ်ကြောသို့ ဖြတ်ကူးစဉ် ဝင်ရောက်တိုက်မိရပ်တန့်သွားခဲ့သည်ဟု သိရသည်။

ယာဥ်တိုက်မှုကြောင့် Alphard ယာဥ်‌မောင်းအမျိုးသမီးမှာ ထိခိုက်မှုရှိခဲ့‌သော်လည်း ဆိုင်ကယ်ယာဥ်မောင်းနှင်သူမှာ အခင်းနေရာတွင်သေဆုံးသွားခဲ့သဖြင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့ပိုင်ယာဥ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်ကို သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှအရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၆ ဦး၊ သီးကုန်းအမြန်လမ်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦးတို့က ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *