October 19, 2024

၇. ၁. ၂၀၂၄

Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ၊ ၄၈ ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီ ၆ရက် မွန်းလွဲပိုင်းက အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မြွေကိုက်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၅ နှစ်အရွယ် မအိန္ဒြာထွန်းဖြစ်ပြီး မြွေက ကလေးငယ်၏ လက်ကို ကိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

​မြွေကိုက်ခံရသော မိန်းကလေး၏ ရုပ်အလောင်းကို နေအိမ်မှ မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံရှိ အအေးခန်းသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် Medical လူငယ်များ လူမှုကူညီရေး အသင်း (ရန်ကုန်)ထံမှ သိရသည်။

မြွေကိုက်ခံရမှုဖြစ်ပွားပါက အကိုက်ခံရသူကို မလှုပ်ရှားဖို့အတွက် ကူညီပေးရန်လိုအပ်ပြီး မြွေကိုက်ခံရသူ လှုပ်ရှားပါက ခန္ဓာကိုယ်တစ်ခုလုံး အဆိပ်များပြန့်နှံစေနိုင်ကြောင်း၊ ခြေနှင့်လက်တို့တွင်မြွေကိုက်ခံရပါက သစ်သားပြားဖြင့် ဘေးနှစ်ဖက်ကို ထိန်းထားပြီး မလှုပ်အောင် ကူညီပေးရမည်ဖြစ်ကြောင်း သိရသည်။ ယင်းနောက် မြွေကိုက်ခံရသူ လမ်းမလျှောက်စေဘဲ နီးစပ်ရာဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ရန်လိုအပ်ပြီး၊လူနာ၏ ရာဇဝင်နှင့် မြွေပုံစံကို ဆရာဝန်ထံသေချာရှင်းပြရန်လိုအပ်ကြောင်း သိရသည်။

ဓာတ်ပုံ – Medical လူငယ်များ

Leave a Reply

Your email address will not be published. Required fields are marked *