October 19, 2024

၇.၁.၂၀၂၄

Written By Thandar

တေးသံရှင် အာကာထက်နဲ့ တေးသံရှင် ယွန်းရွှေစင်တို့က တစ်ချိန်ကအောင်မြင်ခဲ့တဲ့ တေးသီချင်း ၂ ပုဒ်ကို MTV ရိုက်ကူးမယ့် စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ တေးရေးတေးဆို အောင်သူရဲ့” ကမ္ဘာတည်သ၍”တေးသီချင်းကို အာကာထက်က အဆိုတော် စိမ့်နေခြည်နဲ့အတူ သီဆိုရိုက်ကူးတာလည်း ဖြစ်ပါတယ်။ ဒါ့ပြင် တေးရေး နေထွဏ်းဦးရဲ့ “မဟောင်းသေးပါဘူး” တေးသီချင်းကို အဆိုတော် မိုးသက်နိုင်ရဲ့ ညီမဖြစ်သူ တေးသံရှင် ယွန်းရွှေစင်က သီဆိုမှာလည်းဖြစ်ပါတယ်။

“ကျွန်တော့်က မစိမ့်နေခြည်နဲ့ ဆရာအောင်သူရဲ့ သီချင်းလေးကို အကောင်းဆုံး ကြိုးစားပြီးသီဆိုထားပါတယ်။ တစ်ချိန်က အောင်မြင်ပြီးသားသီချင်းမို့ တာဝန်လည်းတော်တော်ကြီးပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ သံစဉ်ပိုင်းတွေကို မပြောင်းလဲရဲဘူး။ တစ်စုံတစ်ခု အမှားအယွင်းဖြစ်မှာစိုးလို့ပါ။ မစိမ့်ကိုလည်း မောင်လေးကြောင့် ထိခိုက်မှာစိုးတယ်။ မြန်မာသံကို ချစ်မြတ်နိုးတာမို့ ကျွန်တော့အနေနဲ့ ဆရာအောင်သူ သီချင်းကို ဆိုဖြစ်တာပါ”လို့ တေးသံရှင် အာကာထက်က MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *