October 19, 2024

၉. ၁. ၂၀၂၄

Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ဝါရှင်တန်မြို့ရှိ သမ္မတအိမ်ဖြူတော်၏အရှေ့ဘက် ပင်ဆဲလ်ဗေးနီးယားရိပ်သာလမ်းနှင့်၁၅ လမ်းတို့ ထောင့်အနီးရှိ အိမ်ဖြူတော်ဝင်း၏ အပြင်ဘက်ဂိတ်တံခါးပေါက်တစ်ခုအား ကားတစ်စီးက ဇန်နဝါရီလ ၈ ရက် ညနေပိုင်းတွင် ဝင်ရောက်တိုက်မိခဲ့ပြီးနောက် အဆိုပါကား၏ ယာဉ်မောင်းဖြစ်သူအားဖမ်းဆီးထိန်းသိမ်းထားကြောင်း လျှို့ဝက်စုံစမ်းထောက်လှမ်းရေးဌာန၏ ပြော ရေးဆိုခွင့်ရှိသူ အန်တိုနီ ဂတ်လီလ်မီ က ပြောကြားခဲ့သည်။

အဆိုပါတိုက်မိမှုက ညနေ ၆ နာရီခန့်တွင်ဖြစ်ခဲ့ပြီး အိမ်ဖြူတော်ဝင်း၏အပြင်ဘက်ဂိတ်ကို ယာဉ်ကဝင် ရောက်တိုက်သွားခြင်းဟု အန်တိုနီ က ၎င်း လူမှုကွန်ရက် X စာမျက်နှာတွင် အတည်ပြုရေးသားခဲ့သည်။ ၎င်းက “ယာဉ်မောင်းကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီလိုတိုက်မိမှုဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းနဲ့ဖြစ်ပွားပုံတို့ကို စုံစမ်းစစ်ဆေးနေပါတယ်” ဟုပြောခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် ယာဉ်မောင်း မည်သူမည်ဝါဖြစ်သည်ကို ထုတ်ပြန်ပြောကြားခြင်းမရှိသလို ၎င်း က မတော်တဆ ယာဉ်တိုက်မှုတစ်ခုသာ ဟုတ်မဟုတ် ရှင်းလင်းစွာပြောကြားခြင်းမရှိသေးပေ။

ယာဉ်တိုက်မှုဖြစ်ချိန်တွင် သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်တွင်မရှိဘဲ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာလီစတုန်းမြို့သို့ခရီးသွားနေကြောင်းသိရသည်။ယာဉ်တိုက်မိမှုက ဂျိုးဘိုင်ဒန်အားခြိမ်း ခြောက်သည့်ပုံစံမျိုး တစ်စုံတစ်ရာမရှိသော်လည်း အိမ်ဖြူတော်အနီးတွင် အသွားအလာများလူစည်ကားလှသည့် ပင်ဆဲလ်ဗေးနီးယားရိပ်သာလမ်းနှင့်၁၅ လမ်းတို့ လမ်းဆုံနေရာ၌ ယာဉ်သွားလာမှုကို သိသိသာသာ အနှောင့်အယှက်ဖြစ်စေခဲ့သည်။

Ref——-Daily Mail, Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *