October 19, 2024

၇.၁.၂၀၂၄

အသက် ၉ နှစ်အရွယ်၊ နေရပ်၊ အမည် မပြောတတ် မမှတ်မိတဲ့ ယောကျာ်းလေးတစ်ဦး လမ်းပေါ်မှာ တစ်ဦးတည်း လျှောက်သွားနေတာကို မနက်အစောပိုင်းကတည်းက တွေ့ရှိတဲ့အတွက် အန္တရာယ်မဖြစ်စေဖို့ အရှေ့ဒဂုံ ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ယူထိန်းသိမ်းပေးထားတယ်လို့ မြောက်ဒဂုံအခြေစိုက် ပရဟိတ အသင်းက MT News ကို ပြောပါတယ်။

ကလေးတွေ့ရှိတာက အရှေ့ဒဂုံ ၁၂ ရပ်ကွက် ဆလုံဒူးဝါးလမ်းပေါ်မှာ တွေ့ရှိရတာ ဖြစ်ပြီး စကားလိပ်ပတ်လည်အောင်မပြောတတ်သလို စကားမေးမရတဲ့ အခြေအနေမို့ လူမှုကွန်ရက်ပေါ်ကတဆင့် မိသားစုကို ရှာဖွေနေရခြင်းဖြစ်ကြောင်း သိရပါတယ်။

မနက်ပိုင်းကနေ အခု ညနေ ၅ နာရီဝန်းကျင်အထိ အနီးအနားရပ်ကွက်တွေမှာ ကလေးပျောက်မပျောက် လိုက်လံ စုံစမ်းပေးနေသလို ကလေးကို သိရှိပါက အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်ပေးဖို့လည်းMT News ကတစ်ဆင့် အကူအညီတောင်းခံလာပါတယ် ။

ဆက်သွယ်ရန်

09450882100

ချမ်းမြေ့အောင် လူမှူကူညီရေးအသင်း

09420734455

ဝန်းရံမှူးလူမူကူညီကယ်ဆယ်ရေးအသင်း

09423035804

အင်အားလူမှူကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *