October 19, 2024

၈. ၁. ၂၀၂၄
Written by Pan Ei

၈၁ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်ညက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဘေဗာလီ ဟီလ်တန်မှာ အောင်မြင်စွာနဲ့ ကျင်းပပြီးစီးခဲ့ပြီး Oppenheimer ရုပ်ရှင်က ထိပ်တန်းဆုအပါအဝင် ဆုငါးခုကို ရရှိခဲ့ကာ ဆုအများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။

Oppenheimer ဟာ အကောင်းဆုံးရုပ်ရှင်ဆုကြီးကိုသာမက ထိပ်တန်းမင်းသားတွေဖြစ်ကြတဲ့ Cillian Murphy နဲ့ Robert Downey Jr တို့ကလည်း Oppenheimer မှာ သူတို့ရဲ့ သရုပ်ဆောင်မှုတွေကြောင့် အသိအမှတ်ပြုခံရပြီး အကောင်းဆုံး ဇာတ်ဆောင်(မင်းသား)ဆုနဲ့ အကောင်းဆုံး ဇာတ်ပို့(မင်းသား)ဆုတို့ကို ရရှိခဲ့ကြသလို Oppenheimer ကို ဖန်တီးပေးခဲ့တဲ့ Christopher Nolan ကလည်း အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Oppenheimer ဟာ ဆု ၅ ဆုရရှိခဲ့တာကြောင့် La La Land ရုပ်ရှင်အပြီး ဆုပေးပွဲတစ်ခုထဲမှာ ဆုအများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်လာခဲ့သလို Oppenheimer နဲ့အတူ တစ်ချိန်တည်းမှာပဲ ထွက်ရှိ၊ ရုံတင်ခဲ့တဲ့ Barbie ရုပ်ရှင်ကလည်း ကမ္ဘာတဝှမ်းမှာ ဝင်ငွေဒေါ်လာ ၁ ဒသမ ၄ ဘီလျံ ရရှိပြီးနောက် ပထမဆုံး ရုံတင်ငွေ အောင်မြင်မှုဆုကို ရရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲကို နာမည်ကြီးအနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပြီး The Crown Season 6 မှာ မင်းသမီ ဒိုင်ယာနာ နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒိုင်ယာနာနဲ့ တူလွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် နာမည်ကြီးခဲ့တဲ့ မင်းသမီး Elizabeth Debicki က ဒရာမာဇာတ်လမ်းအတွက် အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို ရရှိခဲ့ပါတယ်။

Ref; Yahoo

Leave a Reply

Your email address will not be published. Required fields are marked *