October 19, 2024

၈. ၁. ၂၀၂၄
Written By Thandar

ဂီတပိုင်းရော သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင် အလင်းရောင်ရဲ့ ဒုတိယ တစ်ကိုယ်တော် သီချင်းခွေထဲက PERFECT Music Video ကို ဇန်နဝါရီ ၇ ရက် ညပိုင်းက ထွက်ရှိဖို့ စီစဥ်ခဲ့ပေမယ့် မထွက်ဖြစ်ခဲ့လို့ ပရိသတ်ကို တောင်းပန်လာပါတယ်။

“တောင်းပန်ပါတယ်…။ ဇန်နဝါရီ ၇ ရက် ည ၈ နာရီမှာ ထွက်မယ့် Perfect သီချင်းလေးက အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုတွေဖြစ်သွားလို့။ ဒီသီချင်းလေးရဲ့ Video မထွက်ဖြစ်တော့ပါဘူး ခင်ဗျာ။ လောလောဆယ်တော့ Flow App မှာပဲ နားထောင်ပေးပါခင်ဗျာ။ နောက်တစ်ပတ်နေရင်တော့ Spotify, Apple music စတဲ့ International Music Platform များမှာ နားဆင်နိုင်ပါပြီနော်”လို့ သရုပ်ဆောင် အလင်းရောင်က ပရိသတ်ကို အသိပေးလာပါတယ်။

အဆိုပါ တေးသီချင်းက အလင်းရောင်ရဲ့ ဒုတိယမြောက် Album ဖြစ်တဲ့ In Between ဆိုတဲ့ Album မှာ ပါဝင်လာမယ့် PERFECT ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်။ အလင်း ရောင်ကတော့ “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” မြန်မာသံ တေးသီချင်းကြီးကိုလည်း ပရိသတ်အတွက် တင်ဆက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

“PERFECT က Inbetween Album ထဲက သီချင်းတွေထဲမှာ ကျွန်တော်ကိုယ်တိုင်အရမ်းနှစ်သက်တဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *