October 19, 2024

၈. ၁. ၂၀၂၄
Written By Thandar

ရေမြေခြားမှာနေထိုင်ကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားတွေအတွက် Synergy Entertainment က စီစဥ်တင်ဆက်မယ့် နာမည်ကြီး အဆိုတော်တွေပါဝင်မယ့် Hype in Bangkok Music Show ပွဲကြီးကို လာမယ့် ဇန်နဝါရီ ၂၇ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ Synergy Entertainment က ပထမဦးဆုံးတင်ဆက်မယ့် Music Show လေးပါ။ ထိုင်းရောက် မြန်မာတွေအတွက် ဒီ ဖျော်ဖြေမှု ကဏ္ဍလေးတစ်ခု ထပ်တိုးမြှင့်ထားလိုက်တာပါ။ Artist တွေရဲ့ နာမည်ကြား လိုက်တာနဲ့ တချို့ မြန်မာလူငယ်တိုင်းရဲ့ ငယ်ဘဝဖြတ် သန်းမှုတိုင်းမှာ အမှတ်တရတစ်စိတ်တစ်ပိုင်း ပြန်သတိရလာမယ်။ သူတို့တွေ ဘယ်လို သီချင်းတွေနဲ့ ဖျော်ဖြေသွားမလဲ စိတ်ဝင်စားစရာပါပဲ။ ဒီပွဲက ပြည်တွင်းမှာ မဟုတ်ဘဲ ဘန်ကောက်က ပရိသတ်တွေလည်း ဒီအဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကို ကြည့်ရှု့နိုင်ဖို့ စီစဥ်ထားတာပါ။ မြန်မာလူငယ်တွေရဲ့ ငယ်ဘဝကို ပြန်တမ်းတရင်း Hype in Bangkok ပွဲကြီးကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်”လို့ Synergy Entertainment CEO ကိုအောင်ကြီးက ပြောပါတယ်။

အဆိုပါ ဖျော်ဖြေပွဲကို ထိုင်းနိုင်ငံ Petchaburi 15 ၊ Spicy Club မှာ ည ၇ နာရီက စတင်ပြီး အဆိုတော် ဘန်နီဖြိုး၊ Bobby Soxer ၊ Snare တို့က သီဆိုဖျော်ဖြေကြမှာလည်း ဖြစ်ပါတယ်။ ဖျော်ဖြေပွဲလက်မှတ်တွေကို Ticket 500 THB သတ်မှတ်ထားပြီး ကြိုတင်လက်မှတ်တွေကိုလည်း ရောင်းချနေပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *