October 19, 2024

၆. ၁. ၂၀၂၄
Written by Pan ei

မလေးရှားနိုင်ငံ၊ ကမ်ပန်ဂျေလန်ကီဘွန်းမြို့ရှိ စွန့်ပစ်ပစ္စည်းတွေကနေ အီလက်ထရောနစ်ပစ္စည်းတွေ ပြန်လည်ထုတ်တဲ့စက်ရုံတစ်ရုံမှာ မနေ့(ဇန်နဝါရီ ၅ ရက်) က ညနေ ၅ နာရီလောက်မှာ ရုတ်တရက် စီးနင်းမှုအတွင်း မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အယောက် ၁၀၀ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ပဏာမစုံစမ်းစစ်ဆေးမှုတွေအရ စက်ရုံဟာ လုပ်ငန်းလိုင်စင်မရှိဘဲ လည်ပတ်နေတာ တစ်နှစ်ခွဲနီးပါးရှိပြီလို့ ယူဆရပြီး စက်ရုံရဲ့ မြေပိုင်ရှင်ကတော့ အသက် ၆၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးဖြစ်ကာ သူ့ကိုလည်း ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သူဟာ အီလက်ထရွန်နစ်ပစ္စည်းတွေမှာ သုံးတဲ့ အစိတ်အပိုင်းတွေထုတ်တဲ့ စက်ရုံတစ်ရုံကို လုပ်ကိုင်ဖို့အတွက် တရုတ်နိုင်ငံသားတွေကို ငှားရမ်းထားတာလို့ ယူဆရကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဖမ်းခံရသူတွေထဲမှာ အသက် ၁၈ နှစ်ကနေ ၃၉ နှစ်ကြား တရုတ်နိုင်ငံသား (၁၉) ဦး၊ မြန်မာ (၁၀) ဦး၊ ဘင်္ဂလားဒေ့ရှ် (၆၁)ဦး၊ နီပေါ (၂) ဦးနဲ့ ကမ္ဘောဒီးယား (၈) ဦးတို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဆိုပါစီးနင်းမှုမှာ ခေါင်းပုံဖြတ်ခံရတယ်လို့ သံသယရှိတဲ့ အသက် ၁၆ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးကိုလည်း အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *