October 19, 2024

၅. ၁. ၂၀၂၄
Written by Nay Aung

အိန္ဒိယအစိုးရအနေဖြင့် မြန်မာနေရပ်စွန့်ခွာသူများကို မိခင်နိုင်ငံသို့ အတင်းအကြပ်ပြန်ပို့မည်မဟုတ်ကြောင်း၊ မြန်မာ နိုင်ငံ၏အခြေအနေတည်ငြိမ်ကောင်းမွန်ချိန်မှသာ အိန္ဒိယနိုင်ငံအတွင်းရောက်ရှိနေသော မြန်မာနေရပ်စွန့်ခွာသူများကို မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း အိန္ဒိယဗဟိုအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီး Amit Shah က ထုတ်ဖော်ပြောဆိုလိုက်သည်။

အိန္ဒိယဗဟိုအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးသည် ပြီးခဲ့သောရက်ပိုင်းတွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်လာလ်ဒူဟိုမာနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်းရောက်ရှိနေသော မြန်မာနိုင်ငံသားများကို Biometric Data ကောက်ခံမှုနှင့်ပတ်သက်ကာ အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယ ပြည်ထောင်စုဝန်ကြီးက “မြန်မာနိုင်ငံ ပုံမှန်အတိုင်း ပြန်မဖြစ်ခင်အချိန်အထိ မီဇိုရမ်ပြည်နယ်အတွင်းရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို မိခင်နိုင်ငံကို အတင်းအကြပ် ပြန်ပို့မှာမဟုတ်ပါဘူး။ ဒီအချက်ကို မီဇီုရမ်ပြည်သူတွေကို သိစေလိုပါတယ်”ဟုပြောသည်။

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ်နောက်ပိုင်းတည်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကိုရောက်ရှိနေသည့် မြန်မာနိုင်ငံသားအနည်းဆုံး ၃၁၀၀၀ ကျော်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံ ချင်းပြည်နယ်တွင်နေထိုင်သည့် မီဇို လူမျိုးများနှင့်မီဇိုရမ်ပြည်နယ်အတွင်း နေ ထိုင်နေသည့် လူမျိုးအချို့သည် မျိုးနွယ်တူ ဆွေမျိုးများဖြစ်နေရာ မြန်မာနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ်အတွင်းရှိ ၎င်းတို့ဆွေမျိုးများအိမ်တွင်နေထိုင်ခြင်း၊ အိမ်များငှားရမ်းနေထိုင်ခြင်းများရှိနေကြောင်း သိရသည်။

Ref ndtv

Leave a Reply

Your email address will not be published. Required fields are marked *