October 19, 2024

၆. ၁. ၂၀၂၄
Written By Thandar

သရုပ်ဆောင်ပိုင်တံခွန်ပါဝင် သရုပ်ဆောင်ထားတဲ့ “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားကို ၅ ကြိမ်မြောက်ကျင်းပခဲ့တဲ့ လန်ချန်း-မဲခေါင် တရုတ်ရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသခဲ့ရာ “Outstanding Film” ဆုအဖြစ် ရွေးချယ်ခံရလို့ ဝမ်းသာပီတိဖြစ်ရတယ်လို့ ဒါရိုက်တာချိုဝတ်ရည်က ပြောပါတယ်။

“ဝတ်ရည်က မင်းသားပိုင်တံခွန်နဲ့ ရိုက်ကူးပုံဖော်ထားတဲ့ “မှောင်တိုက်” ရုပ်ရှင်ကို တရုတ်နိုင်ငံ ယူနန်မှာ ကျင်းပခဲ့တဲ့(၅) ကြိမ်မြောက် လန်ချန်း-မယ်ခေါင် ရုပ်ရှင်ပွဲတော်မှာပြသခဲ့တာ “Outstanding Film” ဆုအဖြစ် ရွေးချယ်ခံရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ လန်ချန်း-မဲခေါင် ရုပ်ရှင်ပွဲတော်မှာ ပါဝင်ဖို့ ရွေးချယ်ပေးတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင့်”လို့ ဒါရိုက်တာချိုဝတ်ရည်က MT News ကို ပြောပါတယ်။

အဆိုပါဇာတ်ကားကို ၂၀၂၃ ခုနှစ် သြဂုတ် ၁၀ ရက် တရုတ်နိုင်ငံလန်ချန်း-မဲခေါင် တရုတ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တာဖြစ်ပြီး မြန်မာကိုယ်စားပြု ရုပ်ရှင်နှစ်ကားပါဝင်တဲ့အထဲမှာ တစ်ကားပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

“မှောင်တိုက်”ရုပ်ရှင်ဇာတ်ကားဟာ မင်းသားပိုင်တံခွန်ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ သည်းထိပ်ရင်ဖို Pyscho Thriller ဇာတ်လမ်းဖြစ်တဲ့ “မှောင်တိုက်” ရုပ်ရှင်မှာ သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ကျော်ဗိုလ်၊ ပိုင်တံခွန်၊ အိချောပိုနဲ့ အနုပညာရှင်တွေ ပါဝင်ထားပြီး ပြည်တွင်းမှာ ၂၀၂၂ ခုနှစ် မေလက ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ် ၂၈ ရက်နေ့မှာလည်း Bulgaria နိုင်ငံ Varna မြို့မှာကျင်းပမယ့် ၃၁ ကြိမ်မြောက် “IFF Love Is Folly” နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း ပြသဖို့ ရွေးချယ်ခံထားရပါသေးတယ်။ ဒီရုပ်ရှင်ပွဲတော်တွေကို သြဂုတ်လ ၂၅ ရက်နေ့ကနေ စက်တင်ဘာလ ၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး Asian Panorama ရုပ်ရှင်အဖြစ်နဲ့ Bulgaria နိုင်ငံမှာ မြန်မာနိုင်ငံက “မှောင်တိုက်” ရုပ်ရှင်သွားရောက်ပြသရမှာပဲ ဖြစ်ပါတယ်။

“မှောင်တိုက်”ရုပ်ရှင်ဇာတ်ကားအနေနဲ့ ၂၀၂၂ နို၀င်ဘာက ဗီယက်နမ်ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ (Hanoi International Film Festival) HANIFF 2022 ရဲ့ Official Selection နိုင်ငံ တကာအဆင့်မီတဲ့ ဇာတ်ကား ၁၃ ကား စာရင်းမှာပါဝင်ခဲ့လို ပြသခွင့်ရခဲ့ပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *