October 19, 2024

၆. ၁. ၂၀၂၄
Photo – Thandar

စိန်ရွှေရတနာချစ်မြတ်နိုးသူတွေအတွက် “အောင်သမာဓိ ဆိုင်အမှတ်-၈ ရွှေဂုံတိုင်ဆိုင်သစ်ဖွင့်ပွဲကြီးကို ဒီနေ့ ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမကြီးရှိ အမှတ်(၂၂၃/က)မှာ ဖွင့်လှစ်ခဲ့ရာ ထပ်ဆင့် အကယ်ဒမီဖွေးဖွေး၊ Miss Grand International 1st Runner ဆုရှင် နီနီလင်းအိမ် ၊ ဖြူဖြူအောင် ၊ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် ၊ အကြည် စတဲ့သူတွေနဲ့ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။

ဒီနေ့ဖွင့်လှစ်တဲ့ အောင်သမာဓိရွှေဆိုင်သစ်ကြီးမှာ ဇန်နဝါရီ ၆ ရက်နဲ့ ဇန်နဝါရီ ၇ ရက်နေ့တို့မှာ စိန်ရွှေရတနာဝယ်ယူတိုင်းကို ခုဝယ်ခုပေါက် ဗလာမပါ ကံစမ်းမဲ ၃၀၀၀ နဲ့ ကျေးဇူးတုံ့ပြန်ပေးမယ့်အပြင် နေ့လယ်စာအကျွေးအမွေးများနဲ့လည်း တည်ခင်းဧည့်ခံ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *