October 19, 2024

၆. ၁. ၂၀၂၄
Written by Hey Mar

အိမ်ခြေမဲ့ အမျိုးသားတစ်ဦး လမ်းဘေး အုတ်နံရံမှာ ဆွဲကြိုးချသေဆုံးခဲ့တဲ့ ဖြစ်စဥ် မနေ့က ဇန်နဝါရီ ၅ ရက် ည ၉ နာရီဝန်းကျင်အချိန်က ကမ္ဘာအေးဘုရားလမ်း ကျောက်တိုင်မှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ဒီဃာယုက လူမူကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်မှာ ကမ္ဘာအေးဘုရားလမ်း ကျောက်တိုင်မှတ်တိုင်အနီး နံရံမှာ မိမိကိုယ်ကိုယ် ဆွဲကြိုးချထား‌တဲ့ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး ရှိနေကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတွေက နီးစပ်ရာလူမှုကူညီရေးအသင်းကို ရုပ်အလောင်း ရင်ခွဲစစ်ဆေးနိုင်ဖို့ ရင်ခွဲရုံ ပို့ဆောင်ပေးဖို့ စီစဥ် ညွှန်ကြားလာတာကြောင့် အသင်းအဖွဲ့တွေက ပူးပေါင်းကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။

သေဆုံးထားသော ရုပ်အလောင်းကို Happy Rescue အသင်း နိဗ္ဗာန်ယာဥ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဒီဃာယု လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *