October 19, 2024

၅. ၁. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း အွန်လိုင်းအသုံးပြုကာလိမ်နေသည့်ဂိုဏ်းများတွင် ပါဝင်ခဲ့သူအဖြစ် သံသယရှိသူ လူပေါင်း ၄၁၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။ယ

တရုတ်အစိုးရသည် အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများကို အမြစ်ပြတ်ဖြိုခွင်းနိုင်ရန်ဆက်လက်ကြိုးပမ်းနေရာ မြန်မာနိုင်ငံက တရုတ်အစိုးရထံ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသူပေါင်း ၄၁၀၀၀ကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်အခြေစိုက်ထားသည့် အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့်ဂိုဏ်းများသည် တရုတ်နိုင်ငံသားများအပြင် အခြားနိုင်ငံသားများကို လိမ်လည်မှုကျူးလွန်ကာ လူကုန်ကူးမှုများ၊ အတင်းအဓမ္မခိုင်းစေမှုများ၊ ငွေ ကြေးလိမ်လည်မှုများ ပစ်မှတ်ထားလုပ်ကိုင်ခဲ့ကြောင်း သိရသည်။ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့်ဂိုဏ်းများသည် တစ်နှစ်ကို အနည်းဆုံးအမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ဝင်ငွေရရှိနေကြောင်း ခန့်မှန်းမှုများရှိနေသည်။

တရုတ်နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်သော CCTV က ” သြဂုတ်လနောက်ပိုင်းတည်းက အွန်လိုင်းနဲ့အင်တာနက်အသုံးပြုကာလိမ်လည်တဲ့ ဂိုဏ်းတွေကိုအရှိန်မြင့် ဖြိုခွင်းခဲ့တယ်။မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့စည်းများနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့လို့လည်း မြန်မာနိုင်ငံဟာ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်သူ အရေ အတွက် ၄၁၀၀၀ ကျော်ကို ဖမ်းဆီးပြီး ပြန်လွှဲပြောင်းပေးခဲ့တယ်” ဟု ဖော်ပြထားသည်။

ထို့အပြင် တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနကလည်း”တရုတ်အစိုးရဟာ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသူတွေ၊ အွန်လိုင်းအသုံးပြုကာ ငွေကြေးခဝါချမှုကျူးလွန်နေသူတွေနဲ့ တရားဝင်လုပ်ရပ်တွေလုပ်ဆောင်နေသူတွေကို ဖြိုခွင်းနိုင်ရေး အရှိန်မြင့်ကြိုးပမ်းနေဆဲဖြစ်ပါတယ်” ဟု ပြောသည်။

Ref malaymail

Leave a Reply

Your email address will not be published. Required fields are marked *