October 19, 2024

၅. ၁. ၂၀၂၄
Written By Thandar

ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ အောင်မြတ်သာ ဇာတ်လမ်းတွဲကို ပရိသတ်တွေအတွက် သရုပ်ဆောင်ထွန်းကိုကိုနဲ့ ခံစားမှုအသစ်၊ အမြင်အသစ်၊ ရသအသစ်တွေကို ယူလာပေးမယ်ဆိုတဲ့ အထူးကြေညာချက်ထွက်ရှိလာပါတယ်။

“ကျွန်တော်တို့ ထုတ်လုပ်ရေးက အောင်မြတ်သာ ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ လက်ရှိအထူးကြေညာချက်လေး တင်ထားတာပါ။ ရိုက်ကူးမှု လုပ်ဆောင်သွားမယ့်အပိုင်းတွေကို မကြာခင်မှာ ပရိသတ်ကို အသိပေးသွားမှာပါါ ခုကတော့အားလုံး စီစဥ်နေကြတုန်းပါပဲ”လို့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ဦးဝင်းကြည်က MT News ကိုပြောပါတယ်။

ယခင်အောင်မြတ်သာဇာတ်ကောင်ကိုတော့ သရုပ်ဆောင် စစ်နိုင်ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အပိုင်း ၇၀ ကျော်နီးပါးရိုက်ကူးထုတ်လွှင့်ပြီးနောက် အောင်မြတ်သာဇာတ်ကောင်ကို သရုပ်ဆောင်ထွန်းကိုကိုနဲ့ ရိုက်ကူးပုံဖော်မှာဖြစ်တယ်လို့ New era begins (ခေတ်သစ်ကိုစတင်ခြင်း)လို့လည်း ပရိသတ်သိအောင် ပြောလာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *