October 19, 2024

MT News
၅. ၁. ၂၀၂၄

ရန်ကုန်- မန္တလေး အမြန်လမ်းမှာ Hammer ယာဥ်တစ်စီး အပူလွန်ပြီး မီးလောင်မှုဖြစ်ပွားတာကြောင့် တစ်စီးလုံး ပျက်စီးဆုံးရှုံးမှု ဒီနေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

ဖြစ်စဥ်ဟာ ဒီဇင်ဘာ ၅ ရက် နေ့လယ် ၁၁ နာရီ ၅၄ မိနစ် အချိန်ခန့်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၇၀/၃)နဲ့(၁၇၀/၄)အကြားမှာ Hammer ယာဥ်တစ်စီး မောင်းနှင်လာရင်း အပူလွန်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ကနဦးစိစစ်ချက်အရ သိရပါတယ်။ ဒီဖြစ်စဥ်မှာ လူထိခိုက်မှုမရှိဘူးလို့လည်း သိရပြီး သာဂရအမြန်လမ်းမီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက် ထွက်ခွာငြှိမ်းသတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မိုင်တိုင် ၁၇၀ မှာ Hammer ယာဥ် မီးလောင်ပြီး သိပ်မကြာခင် ဇန်နဝါရီ ၅ ရက် နေ့လယ် ၂ နာရီ မိနစ် ၂၀ အချိန်ခန့်မှာလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၈၄/၄)နဲ့ (၁၈၄/၅)အကြား ယာဉ်တစ်စီး မောင်းနှင်လာချိန် ရှေ့ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ရောက်ရှိတိုက်မိရပ်တန့်မှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

ဒီယာဥ်တိုက်မှုဖြစ်စဥ်ကို ပလွေးအမြန်လမ်းမီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်း သွားရောက်ဆောင်ရွက်ခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ ယာဉ်ပေါ်ပါအမျိုးသားကို ရွှေဂုံသုခပရဟိတအသင်းယာဉ်နဲ့ နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *