October 19, 2024

၅. ၁. ၂၀၂၄
Written by Nay Moe

လူတစ်ဦးကို သတ်ဖြတ်ပြီး အလောင်းအောက် မိုင်းထောင်ထားပြီး လုံခြုံရေးတပ်ဖွဲဝင်တွေ လာရောက်စစ်ဆေးချိန်မှာ မိုင်းခွဲတိုက်ခိုက်မှုတစ်ခု ချောင်းဦးမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်ဟာ ဇန်နဝါရီ ၂ ရက် နေ့လယ် ၁၂ နာရီ ၂၅ မိနစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မြို့သစ်ရပ်ကွက် မုံရွာ-မန္တလေးသွားကားလမ်းပေါ် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး စစ်ဆေးဖို့ ပြုလုပ်နေချိန် PDF တွေက သေဆုံးနေသူရဲ့အောက်မှာ ကြိုတင်ထောင်ထားတဲ့ လက်လုပ်မိုင်းတစ်လုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် သေဆုံးနေတဲ့ အလောင်းဟာ ခါးအောက်ပိုင်းပြတ်တောက်သွားခဲ့တာပါ။

ဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု ရှိမရှိ မထုတ်ပြန်ထားဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းဆောင်ရွက်ပြီး အခင်းဖြစ်ရပ်ကို စစ်ဆေးခဲ့ချိန်မှာ သေဆုံးနေတဲ့ အမျိုးသား(စိစစ်ဆဲ)ဟာ ဦးခေါင်းနောက်စေ့ပွင့်ဒဏ်ရာတစ်ချက်၊ ဝဲနားထင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နဲ့ ပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်ခါးအောက်ပိုင်းက ပြတ်ထွက် ဒဏ်ရာရပြီး သေဆုံးနေတာကိုတွေ့ရှိရလို့ ရုပ်အလောင်းကို ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံ ပို့ဆောင်ထားရှိခဲ့ပြီး သေဆုံးသူနဲ့ သေဆုံးရတဲ့အကြောင်းကို ဆက်လက် စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *