October 19, 2024

၅. ၁. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်-အုန်းဖန်လမ်းဘေးမှာ အသက် ၁၈ နှစ်အရွယ် မြန်မာဆယ်ကျော်သက်အမျိုးသားတစ်ဦးရဲ့ သက်မဲ့ရုပ်အလောင်းကို ဇန်နဝါရီ ၃ ရက်မှာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ သေဆုံးခဲ့သူကို အမည် ‘ကို’ လို့ ဖော်ပြထားပြီး သူဟာ အနက်ရောင် လက်ဝှေ့သမားဘောင်းဘီတိုကို ၀တ်ဆင်ထားကာ ရုပ်အလောင်း အနေအထားအရ သူ့လက်ဖဝါးတွေက သူ့အသက်ကို ချမ်းသာပေးဖို့တောင်းဆိုနေခဲ့ဟန် ဖြစ်နေခဲ့ပါတယ်။

ကို ရဲ့ ရုပ်အလောင်းကို မတွေ့ရှိခင်က အခင်းဖြစ်ပွားရာအနီးမှာ နှစ်သစ်ကူးလက်ဝှေ့ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း ဒေသခံတွေက ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက် ရဲတပ်ဖွဲ့က အဲ့ဒီပွဲက CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးခဲ့ရာ လက်ဝှေ့ပွဲကျင်းပတဲ့ညမှာ ကိုရဲ့ သူငယ်ချင်းဖြစ်သူက ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပေမဲ့ လက်ဝှေ့ပြိုင်ပွဲနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ အမျိုးသားတစ်စုက သူတို့နား ချဉ်းကပ်လာပြီး အငြင်းအခုံဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ကိုနဲ့ အပေါင်းအဖော် နှစ်ဦးဟာ အုပ်စုကနေ ထွက်ပြေးသွားပြီး လိုက်ရှာသူတွေက သူတို့ကို လိုက်ဖမ်းကာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ ကိုရဲ့ သူငယ်ချင်း နှစ်ယောက်က တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ပြီး ကိုကတော့ ငှက်ပျောပင်အောက်မှာ ခိုလှုံဖို့ ကြိုးပမ်းခဲ့ပေမဲ့ တိုက်ခိုက်သူတွေကို မရှောင်နိုင်ခဲ့ဘဲ ငှက်ပျောပင်အောက်မှာပဲ ကြေကွဲဖွယ် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒေသခံတစ်ဦးက ကို ရဲ့ အလောင်းကို ငှက်ပျောပင်အောက်မှာ တွေ့ခဲ့တဲ့ အချိန်မှာ ကိုဟာ အရက်မူးပြီး အိပ်ပျော်သွားတယ်လို့ ထင်ခဲ့ပေမဲ့ သေဆုံးသွားပြီလို့ သိလိုက်ရတဲ့အခါ တုန်လှုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

မဲဆောက်မြို့မ ရဲစခန်းက တာဝန်ရှိသူတွေက ကိုရဲ့ နောက်ကျောမှာ ဓားဒဏ်ရာ တစ်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပေမဲ့ မှုခင်းမှာ အသုံးပြုခဲ့တဲ့ လက်နက်ကို မတွေ့ရသေးဘူးလို့ သိရသလို သူ့ရဲ့ ရုပ်အလောင်းကို နယ်ဆောက်ဆေးရုံမှာ ခွဲစိတ်စစ်ဆေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့က အကြမ်းဖက်သမားတွေကို ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေဟာ ပြည်နယ်ထဲ ဒါမှမဟုတ် နိုင်ငံတွင်းထဲမှာပဲ ထွက်ပြေးနေကြတယ်လို့ အာဏာပိုင်တွေက သံသယရှိနေကြပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *