October 19, 2024

၅. ၁. ၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ် (၁၂)ရပ်ကွက်၊ပါရမီလမ်း ၊ လှိုင်တက္ကသိုလ်အနီးတွင် ယနေ့ (ဇန်နဝါရီ ၅ ရက်) နံနက်အစောပိုင်းက မော်တော်ယာဥ်တစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၅ ရက် နံနက် ၂ နာရီ ၃၈ မိနစ်ခန့်က အ​ဖြူရောင် Toyota Harrier မော်တော်ယာဥ်တစ်စီးမှာ မောင်းနှင်လာစဥ် အင်ဂျင်အပူလွန်ကဲပြီး Heat တက်ရာမှ ဝါယာကြိုးများရှော့ခ်ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီးမီးလောင်မှုကြောင့် ကားရှေ့တာယာ၂ လုံး၊ အင်ဂျင်ခန်း၊ရှေ့နောက်လေကာမှန်နှင့် ကားအတွင်းပိုင်းတို့ မီးလောင်ဆုံးရှုံးခဲဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ၁၀ မိနစ်ကျော်သာကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးဖြင့် ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှု​ကြောင့် အသက် ၃၆ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားကို လှိုင်မြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာအရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *