October 19, 2024

၅. ၁. ၂၀၂၄
Written by Hey Mar

ဝန်ထမ်းတွေတဲ့ အိမ်ဘက်က မီးစတင်လောင်ကျွမ်းရာက အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် အောက်မင်္ဂလာဒုံလမ်းမှာရှိတဲ့ အောင်ရိပ်သစ် လက်ဖက်ရည်ဆိုင် မီးလောင်မှုဖြစ်စဥ် မနေ့က ဇန်နဝါရီ ၄ ရက် ည ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ အင်းစိန်မြို့နယ်မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

မီးလောင်မှုဖြစ်မှာ လူထိခိုက်မှု မရှိခဲ့ဘဲ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level-1 ယာဥ်အုပ်စု ခေါ်ယူငြှိမ်းသတ်ခဲ့ရကာ မီးလောင်မှု တစ်နာရီနီးပါးကြာတယ်လို့ သိရပါတယ်။

မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေမှာ အင်းစိန်မြို့နယ် ပရဟိတအသင်းတွေစုပေါင်းပြီး လူမှုကူညီရေး လူနာတင်ယာဥ် ၁၁ စီး၊ ရေသယ်ယာဥ် ၂ စီး၊ လူအင်အား ၁၀၈ ဦး ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသလို Insein Volunteer Team မှ တာဝန်ရှိသူက”ဝန်ထမ်းတွေနေတဲ့ အဆောင်က စလောင်တာလို့ သိရပါတယ်။ ဘေးကို မီးမကူးစက်အောင် ဝိုင်းဝန်းကူညီပေးနိုင်ခဲ့ပြီး စ လောင်တဲ့ ဝန်းကတော့ အိမ်နဲ့ ဆိုင် ပါသွားတာပါ။ အရန်မီးသတ်တစ်ယောက် ကူညီလုပ်ကိုင်နေစဥ် ပြတ်ရှသွေးထွက်ဒဏ်ရာရတာကလွဲရင် ထိခိုက်မှု မရှိပါဘူး။ မီးကတော့ အကြွင်းအကျန် အကုန်လုံးငြိမ်းတာ ည ၁၀ နာရီဝန်းကျင်ပါ”လို့ MT News ကို ပြောပါတယ်။

မနေ့က ဇန်နဝါရီ ၄ ရက်နေ့မှာ ရန်ကုန်မြို့တွင်း မြို့နယ် ၅ ​​မြို့နယ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မြောက်ဥက္ကလာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ သာကေတမြို့နယ်၊ အင်းစိန်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာလို့ မြန်မာနိုင်ငံ မီးသတ်ဖွဲ့က ထုတ်ပြန်ထားကာ လမ်းမတော်မြို့နယ် မီးလောင်မှုမှာတော့ နေအိမ်မှာ တစ်ဦးတည်းကျန်ခဲ့တဲ့ ကျန်းမာရေးမကောင်းသူ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ – Insein volunteer team

Leave a Reply

Your email address will not be published. Required fields are marked *