October 19, 2024

၄. ၁. ၂၀၂၄
Written By Thandar

သီဟမင်းညီ ဗီဒီယိုထုတ်လုပ်ရေးက ရိုက်ကူးမယ့် ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းပုံစံ “အာဂမင်းဂေါင်”ဇာတ် လမ်းတွဲ ကန်တော့ပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၄ရက် နံနက်ပိုင်းက ကျိုက္ကဆံစေတီတော်မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်က လူစွမ်းကောင်းတစ်ယောက်အနေနဲ့ မြင်ရမှာပါ။ အောင်မြတ်သာအားပေးတဲ့ ပရိသတ်တွေအတွက် ‌အာဂမင်းခေါင် ဘယ်လို တင်ဆက်ပြသမလဲဆိုတော့ စောင့်မျှော်ကြည့်ရှုပေးပါ”လို့ သရုပ်ဆောင် စစ်နိုင်ကပြောပါတယ်

အပိုင်း ၁၈ ပိုင်းပါဝင်မယ့် အာဂမင်းဂေါင် ဇာတ်လမ်းတွဲကို ဒါရိုက်တာ သီဟမင်းညီက သန်လျင်မြို့နယ် ထမလုံဘက်မှာ သရုပ်ဆောင် စစ်နိုင်၊ ရွှေပိုးအိမ်၊ ခရစ္စတီးနား၊ ဈာန်ဟိန်း၊ ကျော်ဇင်ထွဋ်၊ မင်းသူ စတဲ့ အနုပညာရှင်တွေနဲ့ ဇန်နဝါရီ ၅ရက်မှာ စတင် ရိုက်ကူးမှာဖြစ်ပါတယ်။

“ဂမ္ဘီရဖြစ်ရပ်ဆန်း ဇာတ်အိမ်နဲ့ ဘာသာရေးဖြစ်ရပ်ဆန်းတွေ ထည့်သွင်းဖန်တီးထားပါတယ်။ ရှေ့မှာ ဂမ္ဘီရနဲ့ပတ်သက်ရင် ပရိသတ်လက်ခံနိုင်ခဲ့တယ်ဆိုတော့ ဒီဂမ္ဘီရနဲ့ပတ်သက်ရင်က ပြောမဆုံး လေ့လာမဆုံးတဲ့ ပညာရပ်ပါ။ အောင်မြတ်သာကို အားပေးခဲ့လို ကြိုးစားဖန်တီးသွားပါမယ်”လို့ ဒါရိုက်တာ သီဟမင်းညီက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *