October 19, 2024

၄. ၁. ၂၀၂၄
Written by Nay Aung

ဥရောပသမဂ္ဂအနေဖြင့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံပြည်သူလူထု၏ စစ်မှန်သည့် ရည်မှန်းချက်များဖြစ်သည့် ချမ်းသာကြွယ်ဝမှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီ အကောင်အထည်ဖော်မှုတို့အတွက် ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းသတင်းထုတ်ပြန်လိုက်သည်။

၂၀၂၄ ခုနှစ်ကို ကြိုဆိုရင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးမှ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ထွန်းလင်းတောက်ပသည့် အနာဂတ် ရရှိစေကြောင်းဆုမွန်ကောင်း တောင်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်က ဆိုသည်။

ဥရောပသမဂ္ဂသည် အရေးကြီးသည့် လူမှုဖူလုံရေးကိုလည်း ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အပြောင်းအလဲများပြုလုပ်နိုင်ရန်အတွက် နိုင်ငံအတွင်း ဆက်လက် တည်ရှိရန် ယခုလိုအချိန်အခါမျိုးတွင် ပို၍အရေးပါသည့်ဆက်ဆံရေးတည်ဆောက်မှုများကိုလည်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

စိန်ခေါ်မှုများစွာကြားမှ စီမံကိန်းများကို ဖြစ်မြောက်အောင် ကြိုးစားဆောင်ရွက်ပေးသော ပြည်တွင်းအဖွဲ့အစည်းများ အားလုံးကို ချီးကျူး ဂုဏ်ပြုပြီး ၂၀၂၃ ခုနှစ် တစ်လျှောက်လုံး ပူးပေါင်းဆောင်ရွက်ခဲ့သော မိတ်ဖက်အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ကြောင်း ဥရောပသမဂ္ဂအဖွဲ့က ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့သော်လည်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို ဆက်လက်ကူညီပေးနေခဲ့ကြောင်း သိရသည်။

Ref EU

Leave a Reply

Your email address will not be published. Required fields are marked *