October 19, 2024

၄. ၁. ၂၀၂၄
Written By Thandar

စိန်လင်း@တိုးတက်နဲ့ မိသားစုက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ လူဦးရေ ၁၅၀ စာအတွက် ထမင်းနဲ့ ဘဲဥဟင်းနဲ့ မုန့်တွေကို ဒီနေ့ ဇန်နဝါရီ ၄ရက် နံနက် ၁၁ နာရီက တောင်ဥက္ကလာပမြို့နယ် (၃) ရပ်ကွက်မှာ ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်နေထိုင်တဲ့ တောင်ဥက္ကလာပမြို့နယ်အတွင်းမှာ လွတ်လပ်ရေးနေ့မှာ ပျော်ပွဲရွှင်ပွဲလုပ်နေတဲ့ ကလေးတွေအတွက် ဆုချဖို့နဲ့ ကလေးတွေကို ထမင်းနဲ့ ဘဲဥဟင်း ကျွေးချင်တယ်လို့ ပြောလာလို့ ကျွန်တော့်အနေနဲ့ လှူဒါန်းပေးဖြစ်တာပါ။ ကျွန်တော်ရဲ့နာမည်အသစ်လေးဖြစ်တဲ့ ဦးတိုးတက်နာမည်နဲ့ နှစ်ဖက်သော မိဘတွေကို အမှူးထားပြီး လှူဖြစ်ခဲ့တယ်။ ကျွန်‌တော့်ကို အရင်တုန်းက စိန်လင်းဆိုတဲ့ နာမည်နဲ့ပဲ လူသိများတယ်။ အခုရပ်ကွက်ထဲက သူတွေက မသိမှာဆိုးလို့ ဦးတိုးတက်ဆိုတဲ့ နာမည်နဲ့ လှူဖြစ်တာပါ” လို့ အဆိုတော် စိန်လင်း@ဦးတိုးတက်က ပြောပါတယ်။

သူဟာ အဆိုတော် စိန်လင်း အမည်နဲ့ အနုပညာ အလုပ်တွေကို လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်မှာ ဦးတိုးတက် နာမည်ကို ပြောင်းလဲကာ အနုပညာအလုပ်တွေ အလှူအတန်းတွေကိုလည်း ဆက်လက် လုပ်ဆောင်လျက်ရှိပါတယ်။

“ကျွန်တော်က အလှူအတန်းနဲ့ ပတ်သက်ရင် ၂၀၂၃ ခုနှစ်တုန်းကလည်း အများကြီး အလှူအတန်းတွေ လုပ်ခဲ့တယ်။ ဒါက ၂၀၂၄ ခုနှစ် နှစ်သစ်ရဲ့ အလှူလေးပါ။ ဆက်ပြီးတော့လည်း အလှူအတန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ။ ကိုယ့်မိဘကို ကျေးဇူးဆပ်ပြီးရင် ပိုလာတဲ့ ပိုက်ဆံက လှူတန်းဖို့အတွက်ပဲဆိုတော့ ဆက်ပြီးလည်း အလှူအတန်းတွေ အများကြီး လုပ်သွားမှာပါ”လို့ သူက ဆက်ပြောပါတယ်။

စိန်လင်း@တိုးတက်ဟာ တေးသီချင်း ကြော်ငြာရိုက်ကူးမှုစတဲ့ အနုပညာအလုပ်‌တွေအပြင် GINZA Cafe ၊ Destino Entertainment နဲ့ တော်ဝင်နန်းမင်္ဂလာခန်းမ စတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *