October 19, 2024

၄. ၁. ၂၀၂၄
Written by Pan Ei

တောင်ကိုရီးယား နာမည်ကြီး အမျိုးသားအဆိုရှင်အဖွဲ့ Shinee ဟာ ဆဋ္ဌမမြောက် ကမ္ဘာလှည့်ဖျော်ဖြေပွဲ Shinee World VI: Perfect Illumination ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လာမယ့် မတ်လ ၂ ရက် စင်ကာပူမှာ ဖျော်ဖြေပွဲ ကျင်းပသွားမှာဖြစ်ပြီး အဲ့ဒီဖျော်ဖြေပွဲဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း အဖွဲ့လိုက်ဖျော်ဖြေပွဲအဖြစ် စင်ကာပူမှာ ပထမဆုံး အနေနဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ Shinee ဖျော်ဖြေပွဲကျင်းပမဲ့ရက်ဟာ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ရဲ့ ကမ္ဘာ့လှည့် ဖျော်ဖြေရေးခရီးစဉ် The Eras Tous ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အရှေ့တောင်အာရှမှာ ကျင်းပမယ့် သူမရဲ့တစ်ခုတည်းသော ဖျော်ဖြေပွဲရဲ့ပထမရက်နဲ့ တိုက်ဆိုင်နေတာပဲဖြစ်ပါတယ်။ Shinee အဖွဲ့ရဲ့ ဖျော်ဖြေပွဲက စင်ကာပူ မိုးလုံလေလုံ အားကစားကွင်းမှာ ညနေ ၄ နာရီမှာ စတင်မှာဖြစ်ပြီး တေလာဆွစ်ဖ် ရဲ့ ဖျော်ဖြေပွဲက အမျိုးသား အားကစားကွင်းမှာ ညနေ ၆ နာရီ စတင်မှာဖြစ်တာကြောင့် မတ်လ ၂ ရက်နေ့ အဲ့ဒီအားကစားကွင်းတွေနားက မြေအောက်ဘူတာရုံကတော့ ပုံမှန်ထက် လူစည်ကားနေတော့မယ်လို့ စင်ကာပူအခြေစိုက်သတင်းဌာနတွေက ဖော်ပြနေကြတာပါ။

Shinee အဖွဲ့ကို ၂၀၀၈ ခုနှစ်မှာ အဖွဲ့ဝင်ငါးဦးနဲ့ ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာ Onew၊ Key၊ Minho နဲ့ Taemin တို့ပါဝင်ကာ အဖွဲ့ဝင်ဟောင်း Jonghyun ကတော့ ၂၀၁၇ ခုနှစ်က ကွယ်လွန်ခဲ့ပါတယ်။

Shinee အဖွဲ့ဟာ စင်ကာပူဖျော်ဖြေပွဲမှာ လွမ်းဆွတ်ဖွယ် တေးသီချင်းတွေအပြင် သီချင်းအသစ်တွေကို ဖျော်ဖြေမှာဖြစ်ပြီး မတ်လ ၁၆ ရက်မှာလည်း ဟောင်ကောင်မှာ ဖျော်ဖြေပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref; The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *