October 19, 2024

၄. ၁. ၂၀၂၄
Written by Hey Mar

နေအိမ်တိုက်ခန်း မီးလောင်ရာက သက်ကြီးအမျိုးသမီးကြီးတစ်ဦး မီးဘေးသင့်သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီ ၄ရက် မနက် ၉ နာရီ ၄၀ အချိန်ခန့်က ရန်ကုန် တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၃)ရပ်ကွက်၊ လမ်းမတော်(၈)လမ်း(အောက်ဘလောက်)မှာ ဖြစ်ပွားခဲ့တယ်လို့ မီးလောင်ပြင်မှာ သွားရောက်ကူညီမှုပေးခဲ့တဲ့ ပရဟိတ အဖွဲ့ထံကနေ သိရပါတယ်။

မီးလောင်မှုဖြစ်စဉ်ကို ကျောက်တံတားမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး သေဆုံးသူ အမျိုးသမီးကြီးဟာ အသက် ၇၀ ကျော်အရွယ် ကျန်းမာရေးမကောင်းသူတစ်ဦးလို့ သိရပါတယ်။

“တိုက်ခန်းရဲ့ ထပ်ခိုးမှာ ကျန်းမာရေးမကောင်းလို့ ထားထားတာလို့ ပြောတယ်။ အခန်းကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး မီးကြွင်းမီးကျန်ငြှိမ်းရင်း ရုပ်အလောင်းကို တွေ့တာပါ။ သူတစ်ဦးတည်းကျန်ခဲ့တဲ့ပုံပါပဲ” လို့ မီးလောင်ပြင်မှာ ဆေးအကူအဖွဲ့အနေနဲ့ သွားရောက်ကူညီခဲ့တဲ့ ကြီးကြီးလေးကြီး ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

မီးလောင်မှုကို နံနက် ၁၀ နာရီဝန်းကျင်ခန့်မှာ မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှာတော့ မီးကြွင်းမီးကျန်အားလုံးငြှိမ်းသတ်နိုင်ခဲ့ကာ ရုပ်အလောင်းကို ပရဟိတ အသင်းပိုင်သူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ကြီးလေးကြီးလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *