October 19, 2024

၄. ၁. ၂၀၂၃
Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁) ရပ်ကွက် ၊ ၆၈ လမ်းနှင့် ၇၃ လမ်းကြား၊ ၁၀၂(A) နှင့် ၁၀၇ လမ်းကြားရှိ မန္တလာသီရိအားကစားကွင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ဝေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို ယနေ့(ဇန်နဝါရီ ၄ ရက်) နံနက် ၄ နာရီ ၂၀ မိနစ်က ကျင်းပပြုလုပ်ခဲ့ပြီးနောက် သဝဏ် လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အလေးပြုခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ အလေးပြုခြင်း၊ သစ္စာအဓိဌာန် ၄ ချက်ရွတ်ဆိုခြင်းများ ပြုလုပ်၍ နံနက် ၄ နာရီ ၂၅ မိနစ်တွင် အလံတင်အခမ်းအနား ပြီးဆုံးခဲ့သည်။

ဆက်လက်၍ နံနက် ၇ နာရီတွင် ခေတ္တဝန်ကြီးချုပ်မှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီးနောက် အားကစားအသီးသီးတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ပြီးနောက် အခမ်းအနားအား ပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့်တိုင်းအစိုးရဝန်ကြီးများ၊ တိုင်း တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr. CHEN CHEN(ခ) ဦးခင်စိန်၊ အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Shundeep Kaushal ၊ ဆရာ/မများ၊ ကျောင်းသား/သူ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများစုစုပေါင်းအင်အား ၁၆၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *