October 19, 2024

၄. ၁. ၂၀၂၄
Written By Thandar

Electronic ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်‌ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံတို့ဟာ ဒီနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

သင်ဇာဝင့်ကျော်ဟာ မြန်မာအမျိုးသမီးတွေ စောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံတွေနဲ့ Vedio တွေကို လူမှုကွန်ရက်မှာ အခကြေးငွေရယူပြီး ဖြန့်ဝေလျက်ရှိတယ်ဆိုတဲ့ ဆွဲချက်နဲ့ ၂၀၂၂ခုနှစ် ဩဂုတ်လအတွင်းမှာ ဖမ်းဆီးထိန်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း တရားရုံး၊ မရမ်းကုန်းမြို့နယ် တရားခွင်ကနေ ထောင်ဒဏ် ၅ နှစ် အမိန့် ချမှတ်ခံခဲ့ရသလို မော်ဒယ်လ် နန်းမွေ့စံကိုလည်း စစ်ခုံးရုံးနဲ့ ထောင်ဒဏ် ၇ နှစ် အမိန့်ချခဲ့တာဖြစ်ပါတယ်။

အနုပညာသက်တမ်း ၁၀ နှစ်ကျော်ရှိတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူလည်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်း ၁၅ ကား ရိုက်ကူးထားသလို ဗီဒီယိုကားပေါင်းများစွာ ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။

နန်းမွေ့စံကတော့ ဒေါက်တာဘွဲ့ လက်မှတ်ကိုရရှိထားပေမယ့် Sexy ဓာတ်ပုံတွေ ရိုက်ကူးမှုကြောင့် ဆေးကုသမှု ဆမလိုင်စင်ကို အသိမ်းခံထားရသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *