October 19, 2024

၄. ၁. ၂၀၂၄
Written by KL

ဒဂုံမြို့သစ်(မြောက်ပိုင်း) ၊ ၄၈ ရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ အိမ်အမှတ်(၃၀)ရှိ အလျား ၆၀ ၊ အနံ ၈၀ ရှိ Steel Structure မြေစိုက် ၁ ထပ် အဆောက်အဦ၏ အိပ်ခန်းတွင် ဇန်နဝါရီ ၃ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ မီးစက်နှိုးစဥ် မီးစက်ပလပ်ဝါယာကြိုး ပေါက်ပြဲ​နေသည့်နေရာမှ မီးပွားထွက်၍ အနီးရှိ ကာဗရိုက်တာမှ လျှံကျသည့် ဆီနှင့် ထိတွေ့ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရသိရသည်။

မီးလောင်မှုကြောင့် အိပ်ခန်းနှင့်အဆောက်အဦ အမိုးအနည်းငယ်၊ Airconတစ်လုံး၊ မီးစက်နှင့်လျှပ်စစ်ဝါယာကြိုး၊ အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုမှာ ၁၃ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၅၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *