October 19, 2024

၄. ၁. ၂၀၂၄
Written by Hey Mar

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် လွတ်လပ်‌ရေးနေ့ အလံတင်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင်မှာ နံနက် ၇ နာရီ အချိန်က စတင်ပြုလုပ်ခဲ့ပါတယ်။

အခန်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပေးပို့တဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီးနောက် တက်ရောက်လာတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ ဧည့်သည်တော်တွေကို နံနက်ခင်းအစာပြေစာ တည်ခင်းဧည့်ခံခဲ့ကာ အခမ်းအနားကို နံနက် ၇ နာရီ ၄၅ မိနစ်အချိန်မှာ ရုပ်သိမ်းခဲ့ပါတယ်။ ​

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ ၇၆ နှစ် မြောက် လွတ်လပ်‌ရေးနေ့ အလံတင်အခမ်းအနားကို နေပြည်တော်ရှိ မြို့တော်ခန်းမရှေ့မှာ နံနက် ၄ နာရီ ၂၀ မိနစ်ကပြုလုပ်ခဲ့သလို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာလည်း ၇၆ နှစ်မြောက် လွတ်လပ်‌ရေးနေ့ အလံတင်အခမ်းအနားတွေ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *