October 19, 2024

၁.၁.၂၀၂၄

Written by Thandar

အလှူအတန်းတွေ အမြဲတမ်း စဉ်ဆက်မပြတ်လုပ်လေ့ရှိတဲ့ သရုပ်ဆောင် ခန့်စည်သူကတော့ နှစ်သစ်ဦးအလှူအနေနဲ့ ယနေ့ ဇန်နဝါရီ ၁ ရက်မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီတော်မြတ်ကြီးတည်ဆောက်ရေးအတွက် ကျပ် ၁၀ သိန်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် အလှူတော်ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ဆရာတော် ဘဒ္ဒန္တကေတုမာလာရဲ့ သက်တော် ၇၆ နှစ်ပြည့်မွေးနေ့ဝိဇတမင်္ဂလာမှာ ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီတော်မြတ်ကြီးတည်ဆောက်ရေးအတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အောင်သပြေတစ်ထောင်ကျောင်းတိုက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် အလှူတော်ငွေကျပ် ၁၀ သိန်း ပါဝင်လှူဖြစ်ခဲ့တာပါ။ နှစ်စဉ် ကျွန်တော့်အနေနဲ့ နှစ်သစ်ပိုင်းအချိန်ရော၊ နေ့ထူးနေ့မြတ်တွေတိုင်းမှာတော့ ကောင်းမှုကုသိုလ်တွေပြုဖြစ်တယ်။ အခုကတော့ နှစ်သစ်ဦးအလှူလေးနဲ့တိုက်ဆိုင်သွားတယ်။ လက်ရှိကာလမှာတော့ ကောင်းမှုကုသိုလ်တွေများများလုပ်ရင်းဖြတ်သန်းဖြစ်နေပါတယ်။ ဒီလှူဒါန်းမှုတွေ အစုစုတို့ရဲ့ အဖိုးဘာဂကို ၇ ရက်သား သမီးအပေါင်းသူတော်ကောင်းများအား မျှဝေပါတယ်။ သာဓု သာဓု သာဓုခေါ်ဆိုနိုင်ကြပါစေ”လို့ အကယ်ဒမီ ခန့်စည်သူက MTNews ကို ပြောပါတယ်။

အဆိုပါ ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသို​ကျောင်းတိုက်ရှိ ငြိမ်းချမ်းရေးဓာတ်တော်တိုက် စေတီတော်မြတ်ကြီး တည်ဆောက်ဖို့အတွက် အလှူတော်ငွေ ကျပ် ၁၀ သိန်း ၊ အောင်ဇေရန်အောင် ၊ အောင်သပြေတစ်ထောင်ကျောင်းတိုက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် အလှူတော်ငွေကျပ် ၁၀ သိန်းတို့ကို လှူဒါန်းခဲ့ကြပါတယ်။

ဒီလှူဒါန်းမှုကို ဆောင်းယွန်းဇံ၊ ဇွန်သံစဥ်၊ မေ့ချစ်သက်၊ စနိုးကြည်ဖြူ စတဲ့ အနုပညာရှင်တချို့လည်း ပါဝင်ပြီး လှူဒါန်းမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *