October 19, 2024

၁.၁.၂၀၂၄

Written By Thandar

ကျော့မှူးသွယ်ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုရရှိနေတဲ့ သရုပ်ဆောင်ခြူးလေးက ဒီနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ကသင်္ဘောကျင်းအနီးမှာရှိတဲ့ နွမ်းပါးသူ ၃၀၀ ကို ထမင်းနဲ့ဟင်းတွေ လှူဒါန်းခဲ့ပါတယ်။

“ဒီနေ့ကတော့ ၂၀၂၄ ခုနှစ်ရဲ့ ၁ လပိုင်း ၁ ရက်ဆိုတော့ နှစ်ဦးအလှူလေးလည်း လုပ်ချင်တယ်။ တကယ်လိုအပ်နေတဲ့နေရာမှာ လာလှူဖြစ်တာပါ။ ယုံတမ်းဇာတ်ကားလေးမှာ ခြူးလေး မမျှော်လင့်ထားလောက်အောင် ပရိသတ်ချစ်ခြင်းကို ခံရလို့လည်း ဝမ်းသာတယ်။ ယုံတမ်းအဖွဲ့သားတွေကိုယ်စား ခြူးလေးအလှူလုပ်ဖြစ်တာပါ။ အဓိကတော့ နှစ်တစ်နှစ်ရဲ့အဖွင့်လေးမှာ အလှူအတန်းလေးနဲ့ ဖြတ်သန်းချင်တယ်။ အရင် အလှူတွေလုပ်ဖြစ်ပေမယ့် ခြူးလေးသိပ်မတင်ဖြစ်ခဲ့ဘူး။တချို့ Fan တွေက ခြူးလေးကို အလှူမလုပ်ဖူးလားမေးလို့ တင်ဖြစ်သွားတာပါ။ ဒီကာရိုက်တာတစ်ခုလုပ်ခွင့်ပေးတဲ့ Mahar အဖွဲ့သားတွေကို ကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင်ခြူးလေးက ပြောပါတယ်။

 

သူမက မကြာခဏဆိုသလို အလှူအတန်းတချို့လုပ်ဖြစ်ပေမယ့် ပရိသတ်ကိုအသိပေးခဲ့တာနည်းတယ်လို့ ဆိုပါတယ်။ ခြူးလေးက ၂၀၂၄ နှစ်ဦးအလှူအနေနဲ့ ထမင်း၊ကြက်သားဟင်း ၊ ငါးဟင်း၊ ငပိကြော် ၊ သစ်သီးစုံပဲဟင်း စတာတွေ လူအယောက် ၃၀၀ စာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ခြူးလေးဟာ အနုပညာအလုပ်တွေကို ၃ နှစ်ကျော် ရပ်နားခဲ့ပြီး Mahar Application က ထုတ်လွှင့်ပြသခဲ့တဲ့”ယုံတမ်း”ဇာတ်လမ်းတွဲမှာ ကျော့မှူးသွယ်ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုထပ်မံရရှိလာတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *