October 19, 2024

၁. ၁. ၂၀၂၄

Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ် အင်းကုန်းကျေးရွာတွင် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက သဲတူး​​ဖော်ရောင်းချသူအမျိုးသားတစ်ဦး သဲကျင်းပိ၍သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်ထံမှ သိရသည်။

သေဆုံးသူ အမျိုးသားမှာ အသက် ၃၇ နှစ် အရွယ်ရှိသူဖြစ်ပြီး ရွာငံမြို့နယ် စျေးတန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ ​ထော်လာဂျီဖြင့် သဲကျင်းတူး ရောင်းချသူဖြစ်ကြောင်း သိရှိရသည်။

သဲကျင်းတူးသူအမျိုးသားမှာ ၎င်းနေထိုင်ရာနေရာနှင့် ၂ မိုင်ခန့် ဝေးသော အင်းကုန်းကျေးရွာတွင် ထော်လာဂျီယာဥ်ဖြင့် တစ်ဦးတည်းလာရောက်ပြီး သဲတူးနေစဥ် သဲကျင်းပြိုကျရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။

“သဲတူးနေတဲ့သူက ညနေပိုင်းလောက်ကတည်းက ဖြစ်နေပုံရတယ်။ သဲတူးတုန်း ကမ်းပါးရံ ပဲ့ကျရင်း ၅ ပေကျော်လောက်ရှိတဲ့သဲကျင်းထဲ ပိမိပြီး ဆုံးသွားတာပါ “ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သဲပိ၍သေဆုံးသူအမျိုးသားကို ည ၉နာရီ ၄၅ မိနစ်ခန့်က စတင်တွေ့ရှိပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်မှ အဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် ၁၁ ဦးက ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပြီး ရုပ်အလောင်းကို ရွာငံမြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *