October 19, 2024

၃. ၁. ၂၀၂၄
Written By Thandar

အသံအားကောင်းကောင်းကြောင့် ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ အဆိုတော် နီနီခင်ဇော်က ချစ်သူခင်ပွန်းဖြစ်သူနဲ့ လောကဓံရဲ့ကောင်းခြင်းတရား ဆိုးခြင်းတရားတွေ နှစ်ယောက်သားဖြတ်သန်းသွားမှာပါလို့ ရင်ဖွင့်လာပါတယ်။

“နီနီရဲ့ ခင်ပွန်းကတော့ ၂၀၁၂ ခုနစ်က သီချင်းလေးကို သူ့ကကြိုက်ပြီးတော့မှ ဖူးစာဆုံခဲ့တာပါ။ နီနီရဲ့ Fun Boy လေးဆိုတော့ တစ်ချိန်တော့ ကြည်နူးနေရပါတယ်။ နီနီလုပ်ချင်တာ မှန်သမျှကို ပံ့ပိုးပေးတဲ့ အဖော်ကောင်းတစ်ယောက်အနေနဲ့ ရှိနေပေးတယ်။ နီနီ ဘာသီချင်းပဲဆိုဆိုသီချင်းနဲ့ ပတ်သက်လို့ ရွေးချယ်တာ မှားတာတို့တွေမဖြစ်အောင် သူအကြံပေးတယ်။ နီနီရဲ့ အဖော်မွန်ကောင်းလေးပါ။ သူမကြိုက်တာ မကောင်းတာဆိုလည်း တစ်ခါတည်း ပွင့်ပွင့်လင်းလင်းပြောတယ်။ လူဆိုတာ တသတ်မှတ်တည်းသွားတာ မဟုတ်တော့လေ။ ကံကြမ္မာအနိမ့်အမြင့် အတက်တွေ များတယ်လေ။ လောကဓံရဲ့ ကောင်းခြင်းတရား ဆိုးခြင်းတရားတွေ နှစ်ယောက်သားဖြတ်သန်းသွားရမှာပါ။ နီနီက နည်းနည်း တယူသန်တယ်။ တဇွတ်ထိုးနိုင်တယ်။ သူကတော့ အရာရာကို အလျှော့ပေးပါတယ်”လို့ အဆိုတော် နီနီခင်ဇော်က ပြောပါတယ်။

နီနီခင်ဇော်ရဲ့ ချစ်သူ ရှမ်းတိုင်းရင်းသား ကိုစိုင်းသူနဲ့ Pre Wedding ပုံတွေကလည်း ပြည်ပနိုင်ငံတွေမှာ ခပ်မိုက်မိုက်လေး ပရိသတ်ကို ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။သူတို့ ချစ်သူနှစ်ဦး ဒီဇင်ဘာ ၁၁ ရက်နေ့က မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုကျင်းပခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်မှာ ငွေဆောင်ကမ်းခြေမှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့ပါတယ်။ သူမဟာ ဂီတနဲ့ ပတ်သက်ပြီး ပရိသတ်အတွက် အကောင်းဆုံးတွေကို ပုံဖော်တင်ဆက်ခဲ့သူလည်း ဖြစ်ပါတယ်။

“Happy Beginnings For Us ဆိုတဲ့ စကားလုံးကို ဘဝတစ်ဆစ်ချိုးတိုင်းမှာ အမြဲ နီနီပြောဖြစ်တယ်။ ဥပမာ- ၁၀ တန်းအောင်တော့လည်း ဆေးကျောင်းတက်ရတာ ဘဝကစတာပဲ။ ကျောင်းပြီးရင် ငါ့ဘဝက အေးချမ်းပြီလို့ ထင်ခဲ့တာ။ ဒါပေမယ့်လည်း ကျောင်းပြီး ဘွဲ့ရသွားတော့လည်းဘဝက တစ်ခေါက်ပြန်စရတာပဲ။ အခုကြတော့လည်း ဒီလိုပါပဲ။ နီနီတို့ ဒီအသက်အရွယ်မှာ အိမ်ထောင်ပြုကြတယ်ဆိုရင် မိသားစုတွေရှိလာတော့မယ်။ ခုမှ ဘဝသစ်လေးစရတာပဲ။ ဒီကာလပြီးလို့ ပျော်စရာကောင်းတဲ့ မိသားစုထပ်ရလာရင် သူတို့တွေအတွက် ပူရပင်ရဦးမယ်။ ရှာရဖွေရဦးမယ်နော်။ အပူလေး ထပ်ရလာမှာမို့ ဒါကလည်း နောက်ထပ် ဒါကတော့ Beginning ဆက်သွားရမှာပေါ့”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *