October 19, 2024

၂. ၁. ၂၀၂၄

Translated by Htwe Ko Tun

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ဟာနယ်ဒါ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြေးလမ်းပေါ်တွင် ယနေ့ ဇန်ဝါရီ၂ ရက်က ဂျပန်လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းများနှင့် ခရီးသည်စုစုပေါင်း ၄၀၀ ခန့်ပါရှိသော်လည်း ၎င်းတို့အားလုံးကိုကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော် ဒဏ်ရရှိခဲ့သူရှိမရှိကိုမူ အတိအကျမသိရသေးပေ။

လေယာဉ်မီးလောင်ရခြင်းအကြောင်းရင်းကိုလည်း ရှင်း လင်းစွာမသိရသေးဟုဆိုသည်။ သို့သော် ဂျပန် ကမ်းခြေစောင့်တပ်မှ လေယာဉ်တစ်စီးနှင့် အဆိုပါ ဂျပန်လေကြောင်းလိုင်းမှလေယာဉ်တို့ အဆိုပါ မီးလောင်မှုမဖြစ်မီ တိုက်မိခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဆိုကြသည်။ ဂျပန်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်က ဟော့ကိုင်းဒိုးကျွန်း၊ နယူးချီတို့စ် နိုင်ငံတကာလေဆိပ်မှ ပျံသန်းလာခြင်းဟု သိရသည်။

ဗီဒီယိုသတင်းပြသချက်အရ လေယာဉ်၏အင်ဂျင်ပတ်ဝန်းကျင်နေရာမှ မီးခိုးများထွက်လာကာ ည‌နေ ၆ နာရီခွဲခန့်တွင် လေယာဉ်တစ်စီးလုံး မီးခိုးများလွှမ်းခြုံနေခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက အကြိတ်အနယ်မီးကိုငြှိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။

Ref-Japan Times

Leave a Reply

Your email address will not be published. Required fields are marked *