October 19, 2024

၂. ၁. ၂၀၂၄

Written By Thandar

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်‌အဖြစ် ရွေးချယ်ခံရသူ ၂၆ ဦး စာရင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“အကယ်ဒမီရွှေကြိုမယ်တစ်ယောက်ဖြစ်ခွင့်ရခဲ့ပါပြီရှင့်။ အများကြီးလည်း ကြိုးစားပြင်ဆင်ခဲ့ပါတယ်ရှင့်။ ငယ့်ကိုအကယ်ဒမီစင်မြင့်ထက်မှာ ရွှေကြိုမယ်တစ်ယောက်အဖြစ် ရွေးချယ်ပေးခဲ့ကြတဲ့ ဝါရင့်အနုပညာရှင်ကြီးများနဲ့ဒိုင်လူကြီးများကိုလည်း ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင့်။ ဆက်လက်ပြီး ငယ့်ရဲ့ချစ်သော ပရိသတ်တွေ၊ ချစ်သော We Love Fan လေးတွေအတွက် အကောင်းဆုံးကြိုးစားသွားပါ့မယ်ရှင့်”လို့ သရုပ်ဆောင် အိန္ဒြာမိုးမြင့်က ပြောပါတယ်။

ရွှေကြိုမောင်မယ် နောက်ဆုံးအဆင့်ရွေးချယ်ပွဲကနေ ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ အကယ်ဒမီဆုဗန်းကိုင်မယ့် ရွှေကြိုမောင် (အမျိုးသား)အနေနဲ့ မောင်စိုင်းကိုကို(စိုင်းကိုကို)၊ မောင်အောင်ခေတ်ပိုင် (ခေတ်မင်းပိုင်)၊ မောင်ရဲရင့်မောင် (ရဲရင့်)၊ မောင်စိုင်းနွံဖ (ဆက်ရိုဟန်)၊ မောင်အောင်လွင်မိုး ၊ မောင်သူအောင်လွင် (ဟိဏ်းသုတ)၊ မောင်မင်းသိမ်းကျော် (ဟုန်း-Hong)၊ မောင်ထွန်းလင်း၊မောင်ဖြိုးကိုကိုစိုး (ရှိုင်းလတ်)၊ မောင်ရဲထွဋ် (သျှင်ရဲထွဋ်)၊ မောင်ထက်လျှမ်းအောင်အောင်၊ မောင်ဟိန်းတေဇာအောင် (ချစ်မင်းသူ) နဲ့ မောင်ရဲခေါင်ပြည်ထောင်စု (ဘီယွန်း) တို့ ၁၃ ဦး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ရွှေကြိုမယ်(အမျိုးသမီး)အနေနဲ့ မရွှန်းလဲ့မွန်ဦး (မိုးသဲဖြူ)၊ မယွန်းမေအောင်၊ မစောလပြည့်ဝင်း (စောလပြည့်ဝန်း)၊ မသက်ထားဇာ ၊ မမိုးပြည့်သက်ချယ်၊ ချိုမဒီသွင် ၊ မမိုးဖူးဖူးခင်၊ မမိုးပြည့်ပြည့်ခင်၊ မတာတာ ၊ မမျိုးမမ (ကျော်ကျော်အိန္ဒြာ)၊ မယုယုထွေး (ယွန်းဖြူစင်နွယ်) ၊ မသဒ္ဒါဖြူစင် နဲ့ မအိန္ဒြာမိုးမြင့်တို့ ၁၃ ဦးရွေးချယ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကိုတော့ လာမယ့် ၂၀၂၄ ဖေဖော်ဝါရီလမှာ နေပြည်တော် မိုးလုံလေလုံခန်းမမှာ ကျင်းပဖို့ လျာထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *